မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ ပြစ်ဒဏ်ကျခံရရင် သူသာ မန်စီးတီးကစားသမား ဆိုပါက ရရှိထားတဲ့ ဆုတံဆိပ်တွေကို အမှိုက်ပုံးထဲ ပစ်ထည့်မိမှာ ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ရွိုင်ကိန်းက ITV Sport နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
မန်စီးတီးဟာ ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အတွင်း မသမာတဲ့ နည်းလမ်းတွေနဲ့ စည်းမျဉ်း ချိုးဖောက်ခဲ့တာကြောင့် ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ လိမ်ညာမှုတခု ဖြစ်သွားပြီလို့လည်း သူက ဝေဖန်ခဲ့တာပါ။
ဒါပေမဲ့ မန်ယူကစားသမားဟောင်း ဝိန်းရွန်နီ ကတော့ မန်စီးတီးဆီက ပရီးမီးယားလိဂ် ဆုဖလားတွေကို ပြန်ရုပ်သိမ်းခဲ့ရင်တောင် အဲဒီတုန်းက သူတို့အသင်း အနိုင်မရခဲ့တာကြောင့် အဆိုပါ ဆုဖလားတွေကို ပြန်လည်ရယူချင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။










