DVB Logo
Home
မြန်မာသတင်း
လက်မှတ်ထိုးပြီးရင် ငြိမ်းချမ်းရေးကို ဘယ်သူမလိုလားသလဲဆိုတာ အဖြေထွက်မည်
DVB
·
February 13, 2017
လက်မှတ်ထိုးပြီးရင် ငြိမ်းချမ်းရေးကို ဘယ်သူမလိုလားသလဲဆိုတာ အဖြေထွက်မည်
Donate to DVB

အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ အမြန်လက်မှတ်ရေးထိုးကြဖို့နဲ့ အန်စီအေ စာချုပ်မှာ လက်မှတ်ထိုးပြီးရင် ဘယ်သူငြိမ်းချမ်းရေးကို မလိုလားသလဲဆိုတာအဖြေထွက်မယ်လို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးနိုင်ငံလင်းကပြောပါတယ်။

ရန်ကုန်မြို့မှာကျင်းပတဲ့ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ခရီးသွားသတင်းခန်းမှာ ဆွေးနွေးစဉ် ဦးနိုင်ငံလင်းက “အားလုံးလက်မှတ်ထိုးပြီးသွားပြီဆိုရင် ဘယ်သူကငြိမ်းချမ်းရေးကို မလိုလားလဲဆိုတာ အဖြေထွက်လာလိမ့်မယ်’’ လို့ ပြောပါတယ်။

အခုအချိန်အထိ တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာတိုးတက်လာတာ မရှိသေးပါဘူး။ တိုးတက်လာတာ ထက် ဆုတ်ယုတ်မှုတွေသာ ပိုများလာတယ်လို့လည်း ဦးနိုင်ငံလင်းကပြောပါတယ်။
အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကတော့ မြေပြင်စစ်ပွဲတွေကို ရပ်တန့်ဖို့ နည်းလမ်းရှာဖွေနိုင်မှ အားလုံးပါဝင်တဲ့ အပစ်ရပ်ရေးကို တည်ဆောက်နိုင်မယ်လို့ သုံးသပ်ပြော ပါတယ်။

“အကြောင်းရင်းက ဖြစ်ပေါ်နေတဲ့ စစ်ရေးပြဿနာတွေကိုလျှော့ချနိုင်ဖို့ နည်းလမ်းရှာဖို့လိုနေတယ်။ မြေပြင်တိုက် ပွဲတွေလျှော့ချနိုင်ဖို့နည်းလမ်းတွေ လိုနေတယ်။ နောက်တစ်ချက်ကျန်တဲ့အဖွဲ့တွေက တန်းတူညီမျှမှုမရှိတဲ့အပေါ် စဉ်းစားနေတဲ့အခြေအနေလည်းဖြစ်တယ်။”

အန်စီအေ လက်မှတ်ရေးထိုးပြီးသားအဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအကြား အခွင့်အရေးကွာဟချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ စတင်ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေးတွေမှာ ပါဝင်ဆွေးနွေးခွင့်ရတာနဲ့ ပါဝင်ဆွေးနွေးခွင့်မရ တာပဲဖြစ်ပါတယ်။

လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ ၂၁ ရာစုပင်လုံညီလာခံ ပထမအစည်းအဝေးမှ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရခဲ့ပြီး စာတမ်းတွေဖတ်ခွင့်ရခဲ့ပေမယ့် မကြာခင်ကျင်းပမယ့် ဒုတိယအစည်းအဝေးမှာတော့ အထူးဖိတ်ကြားသူအနေနဲ့သာ တက်ရောက်ခွင့်ရပြီး ပါဝင် ဆွေးနွေးခွင့်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့တို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လက်မှတ်ရေးထိုးဖို့ လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ကျန်ရှိတာဖြစ်ပါတယ်။

လက်မှတ်ထိုးဖို့ကျန်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ KIO, SSPP, KNPP, NMSP, AA, TNLA, MNDAA, ANC, LUD, WNO UWSA, NDAA, NSCN-k အဖွဲ့တွေဖြစ်ပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013