DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားမဟုတ်သူကို မှတ်ပုံတင်ထုတ်ပေးမှု အရေးယူပေးရန် ဆန္ဒပြ
DVB
·
February 13, 2017
နိုင်ငံသားမဟုတ်သူကို မှတ်ပုံတင်ထုတ်ပေးမှု အရေးယူပေးရန် ဆန္ဒပြ
Donate to DVB

ဥပဒေနဲ့မညီတဲ့ နိုင်ငံသားမဟုတ်တဲ့လူတဦးကို ရခိုင်ပြည်နယ် လဝကဦးစီးအရာရှိတဦးက နိုင်ငံသားကတ် မှတ်ပုံတင်ထုတ်ပေးခဲ့တဲ့အပေါ် အရေးယူပေးဖို့ ရခိုင်အမျိုးသားပါတီ(အေအန်ပီ) ဦးဆောင်ပြီး စစ်တွေမြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

၁၉၈၂ ဥပဒေကိုချိုးဖောက်ခဲ့တဲ့ရခိုင်ပြည်နယ်လ.ဝ.က ဦးစီးမှူးကိုအရေးယူပေးဖို့ ဆန္ဒပြရတာလို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ရခိုင် အမျိုးသားပါတီ(အေအန်ပီ) စစ်တွေမြို့နယ်အထွေထွေ အတွင်းရေးမှူး ဦးအောင်သန်းဝေက ပြောပါတယ်။

“အဓိကကျနော်တို့ဆန္ဒပြရတဲ့အကြောင်းအရင်းကတော့ ၁၉၈၂ ဥပဒေကိုချိုးဖောက်ခဲ့တဲ့ တရားစွဲဆိုတဲ့ အပေါ်မှာ တရားရုံးတော်စစ်ဆေးပြီးတော့ ဥပဒေမှာ ပြဋ္ဌာန်းထားအတိုင်း ရခိုင်ပြည်နယ်လဝက ဦးစီး ဦးဝင်းလွင်ကိုအရေးယူ ဆောင်ရွက်ဖို့ အဓိကရည်ရွယ်ချက်ဆန္ဒပြရတာဖြစ်ပါတယ်။”

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၇(က) ပါပြဋ္ဌာန်းချက်ပါအတိုင်း ရခိုင်ပြည်နယ်၊ လ.ဝ.က ဦးစီးမှူး ဦးဝင်းလွင်က ချိုးဖောက်ခဲ့တဲ့အပေါ်မှာ မြန်မာနိုင်ငံသားဥပဒေပုဒ်မ(၁၉)ပါ ဥပဒေပြဋ္ဌာန်းထား အတိုင်းအရေး ယူပေးဖို့ဆန္ဒထုတ်ဖော်ရတာလို့ ဦးအောင်သန်းဝေဆိုပါတယ်။

ရခိုင်ပြည်နယ်လ.ဝ.က ဦးစီးအရာရှိ ဦးဝင်းလွင်ဟာ ဘူးသီးတောင်မြို့က နိုင်ငံသားမဘနှစ်ဦးက မွေးဖွားလာသူ မဟုတ်တဲ့ ဘင်္ဂလီအမျိုးသမီး မြနန္ဒာခင်ကို၂၀၁၆ ခုနှစ်​​ ဖေဖော်ဝါရီ ၂ ရက်နေ့ က ၁၁/ ဘသတ(နိုင်) ၀၄၈၁၅၇ကို ထုတ်ပေးခဲ့တယ်လို့ ဦးအောင်သန်းဝေကပြောပါတယ်။

ဆန္ဒပြရာမှာ ဒေသခံလူဦးရေ ၃၀၀ ခန့်ပါဝင်ပြီး ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးဝင်းလွင်အား တရားရုံး တင်စစ်ဆေးပေးရေးဒို့အရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်သော ပြည်နယ်လ.ဝ.က ဦးစီးမှူး ဦးဝင်းလွင်အား အရေးယူအပြစ်ပေးရေးဒို့အရေး စတဲ့ကြွေးကြော်သံတွေ ပိုစတာ၊ ဗီနှိုင်း၊ ဆိုင်း ဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၆စက်တင်ဘာ၃ရက်က ရခိုင်ပြည်နယ်စစ်တွေမြို့၊မြို့မရဲစခန်းကို ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ်အထွေထွေအတွင်းရေးမှူး ဦးအောင်သန်းဝေက လ.ဝ.က ဦးစီးအရာရှိဦးဝင်းလွင်ကို ၁၉၈၂ ဥပေဒေကိုချိုးဖောက်ခဲ့တဲအတွက် အမှုဖွင့်ထားခဲ့ပေမယ့် အရေးယူမယူခဲ့တာကြောင့် အခုလိုဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013