DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကပြဖျော်ဖြေသည့် ရှမ်းရိုးရာမီးပုံပွဲ (ရုပ်သံ)
DVB
·
February 13, 2017
ဒေါ်အောင်ဆန်းစုကြည် ကပြဖျော်ဖြေသည့် ရှမ်းရိုးရာမီးပုံပွဲ (ရုပ်သံ)
1 / 2
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မနေ့က ကျင်းပတဲ့ နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲနဲ့ မီးပုံပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆင်နွှဲခဲ့ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် မီးပုံပွဲကို ထွန်းညှိပေးခဲ့ပါတယ်။

ညစာစားပွဲမှာ ရှမ်းကြီး၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ အင်းသား၊ ကယန်း၊ မောရှမ်း၊ ပလောင်၊ ၀ ၊ ကိုးကန့်၊ လီဆူ၊ ကချင်၊ ဂုံရှမ်း၊ အာခါ နဲ့ လားဟူ တိုင်းရင်းသားယဉ်ကျေးမှု အကဖွဲ့များက ရိုးရာအကတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရိုးရာအကတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြတဲ့ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့တွေကို အမှတ်တရလက်ဆောင် ပေးအပ်ပြီး တိုင်းရင်းသား ရိုးရာအဖွဲ့တွေနဲ့အတူ ရှမ်းရိုးရာ မီးပုံပွဲအကကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့တာပါ။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်း နှစ် ၇၀ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုနေ့အခမ်းအနား အစီအစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ၁၂ ဦးတို့ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။

ရုပ်သံ - အောင်သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013