
နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသတွေမှာ နေထိုင်ကြတဲ့ ကချင်၊ ကရင်၊ ကယန်း၊ ကိုးကန့်၊ ချင်း၊ တအာင်း၊ နာဂ၊ ပအိုဝ်း၊ ဗမာ၊ မွန်၊ တိုင်းရင်းသားမျိုးနွယ်စုတွေ စုပေါင်းပြီး ဈေးရောင်းပွဲတော်နဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု အကတွေ၊ အစားအစာတွေကို မပပျောက်ဖို့အတွက် ဖော်ထုတ်ခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အစိုးရအဖွဲ့များက ဖေဖော်ဝါရီ ၁၂ ရက် ည ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပြီး ဝန်ကြီးတွေက အလှူငွေ ၅၀၀၀၀၀ ကျပ် ပေးအပ်ခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်










