DVB Logo
Home
မေးမြန်းခန်း
အင်မတန်အ​ရေး​ကြီး​တဲ့​ ​ခြေလှမ်း​တခုကိုစပြီ (ကိုညိုအုန်း​မြင့်​နှင့်​မေး​မြန်း​ချက်)
DVB
·
December 15, 2011
အင်မတန်အ​ရေး​ကြီး​တဲ့​ ​ခြေလှမ်း​တခုကိုစပြီ (ကိုညိုအုန်း​မြင့်​နှင့်​မေး​မြန်း​ချက်)
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့​သမ္မတနိုင်ငံ သံအမတ်ကြီး​တို့​ ဒီက​နေ့​ ​တွေ့​ဆုံခဲ့​ကြပါတယ်။ ဒါဟာ မြန်မာအတိုက်ခံ ​ခေါင်း​ဆောင်နဲ့​ တရုတ် အဆင့်​မြင့်​အရာရှိတို့​ ပထမဦး​ဆုံး​အကြိမ် ​တွေ့​ဆုံမှု ဖြစ်ပါတယ်။`

တရုတ် နိုင်ငံခြား​ရေး​ဝန်ကြီး​ဌာန ​ပြောခွင့်​ရသူက​တော့​ ဒီလို ​တွေ့​ဆုံတာဟာ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က ​တောင်း​ဆိုခဲ့​တာ​ကြောင့်​ ဖြစ်တယ်လို့​ ​ပြောပါတယ်။ ဘယ်မှာ ​တွေ့​ဆုံလဲဆိုတာကိုလည်း ​ပြောမသွား​ပါဘူး​။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တရုတ် သံအမတ်တို့​ ​တွေ့​ဆုံမှုကို အတည်ပြု ​ပြောဆို​ပေမယ့်​ အ​သေး​စိတ်ထုတ်​ဖော်​ပြောဆိုတာခြင်း​ မရှိပါဘူး​။

[caption id="attachment_18901" align="alignright" width="300" caption="ကိုညိုအုန်းမြင့်​"][/caption]

အခုလို ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တရုတ်သံအမတ်တို့​ ​တွေ့​ဆုံတာဟာ မြန်မာ ဒီမိုက​ရေစီ အ​ပြောင်း​အလဲအတွက် တွန်း​အား​တခု ဖြစ်လာနိုင်ပါသလား​ဆိုတာ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် လွတ်​မြောက်နယ်​မြေ နိုင်ငံခြား​ရေး​တာဝန်ခံ ကိုညိုအုန်း​မြင့်​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ အခုလို တရုတ်သံအမတ်နဲ့​ ​တွေ့​တာ ဘယ်လို အ​ကြောင်း​ကြောင့်​လို့​ ဖြစ်နိုင်လဲ။

“အဓိကက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ ကျ​နော်တို့​ ဒီမိုက​ရေစီအင်အား​စု​တွေက ဒီတရုတ်ပြည်အ​ပေါ်မှာ သ​ဘောထား​ကို တချိန်လုံး​ ဒီ​ရေဒီယို​တွေ​ရော၊​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေမှာပါ ထုတ်​ပြော​လေ့​ရှိပါတယ်။ အခုဟာက ထူး​ခြား​တာက​တော့​ အခု တရုတ်ဝန်ကြီး​ချုပ် ဝမ်း​ကြား​ပေါင် ဗမာပြည်ကို မဲ​ခေါင်မြစ်ဝှမ်း​ဒေသ အစည်း​အ​ဝေး​ကို တက်မယ့်​အချိန်နဲ့​လည်း​ တိုက်ဆိုင်​နေတာကို ​တွေ့​ရပါတယ်။ အဓိကက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ တရုတ်သံအမတ် က​နေတဆင့်​ တရုတ်​ခေါင်း​ဆောင်​တွေကို ဗမာပြည်မှာ ဒီမိုက​ရေစီ ဖွံ့​ဖြိုး​မှုက တရုတ်ပြည်အတွက် အန္တရာယ်မရှိနိုင်ဘူး​ဆိုတဲ့​အချက်ကို အဓိက ​ပေး​ချင်တဲ့​ သတင်း​စကား​ ဖြစ်မယ်လို့​ ကျ​နော်ထင်ပါတယ်။”

ဒေါ်​အောင်ဆန်း​စုကြည် အရင် တရုတ်နဲ့​ ပတ်သက်ပြီး​ ​ပြောခဲ့​ဖူး​တာ​တွေက​တော့​ အိမ်နီး​ချင်း​ တိုင်း​ပြည်ဖြစ်တဲ့​အတွက်​ကြောင့်​ တရုတ်နဲ့​ဆက်ဆံ​ရေး​ ​ကောင်း​မွန်ဖို့​လည်း​ သူ လိုလား​ပါတယ်ဆိုတာမျိုး​လည်း​ ထုတ်​ပြောတယ်။ ဒါ​ပေမယ့်​ တဖက်က တရုတ်​ခေါင်း​ဆောင်​တွေက​တော့​ ပြန်ပြီး​တော့​ အရိပ်အ​ရောင်​လေး​တောင် ​ပြောတာဆိုတာ မ​တွေ့​ရဘူး​။ အခုလို ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တရုတ်သံအမတ်နဲ့​ ​တွေ့​တယ်ဆို​တော့​ တရုတ်ဘက်က​ရော ဒီမိုက​ရေစီအင်အား​စု​တွေအ​ပေါ် အထူး​သဖြင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အန်အယ်လ်ဒီကို​ပေါ့​နော် သ​ဘောထား​ ဘယ်လိုရှိလဲ။

“အဓိကက​တော့​ တရုတ်အစိုး​ရရဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲမတိုင်ခင်အထိက ပြီး​ခဲ့​တဲ့​ နအဖ အစိုး​ရနဲ့​ပဲ ထိ​တွေ့​ဆက်ဆံသွား​မယ်ဆိုတဲ့​ သ​ဘောမျိုး​ကို ကျ​နော်တို့​ ​တွေ့​ရပါတယ်။ ဒါ​ပေမယ့်​လည်း​ အခုဒီအချိန်မှာ တရုတ်သံအမတ်ကြီး​ ကိုယ်တိုင်က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံဖို့​ သ​ဘောတူခြင်း​က ဗမာပြည်အ​ပေါ်မှာ ထား​တဲ့​ တရုတ်နိုင်ငံခြား​ရေး​မူဝါဒ ​ပြောင်း​လဲတယ်လို့​ ကျ​နော် ထင်ပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ တရုတ်အစိုး​ရရဲ့​ တချိန်တုန်း​က တဖက်သတ် နအဖ အ​ပေါ်မှာ ​ထောက်ခံခဲ့​တဲ့​ အစဉ်အလာ ရှိပါတယ်။ ဒါ​ပေမယ့်​ ၂၀၁၀ ​ရွေး​ကောက်ပွဲ အပြီး​မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်လို အမျိုး​သား​ခေါင်း​ဆောင် တဦး​အ​ပေါ်မှာ တရုတ်အစိုး​ရ အ​နေနဲ့​လည်း​ ထိ​တွေ့​ဆက်ဆံရမယ်ဆိုတာကို နား​လည်ပါတယ်။ ဒီအ​ပေါ်မှာလည်း​ ကျ​နော်တို့​ တချိန်လုံး​ ကြိုး​စား​ခဲ့​ပေမယ့်​ နိုင်ငံ​ရေး​ရဲ့​ အ​နေအထား​ ​ပြောင်း​လဲမှုနဲ့​ ပထဝီ နိုင်ငံ​ရေး​အ​နေအထား​ ​ပြောင်း​လဲမှု အတွက်​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဒီလို တရုတ်အစိုး​ရ သံအမတ်နဲ့​ ​တွေ့​ခြင်း​ ဖြစ်တယ်လို့​ ကျ​နော်ထင်ပါတယ်။”

သိပ်မကြာ​သေး​ခင်ကပဲ အ​မေရိကန်-မြန်မာအထူး​သံကလည်း​ တရုတ်ကိုသွား​ပြီး​တော့​ မြန်မာပြည်နဲ့​ သူတို့​ ဆက်ဆံ​ရေး​ကို ချပြခဲ့​တယ်လို့​ သိရပါတယ်။ အဲဒီအကျိုး​ဆက်​တွေနဲ့​ အခုတရုတ်သံအမတ်​တွေ့​တာ​တွေနဲ့​ ​ပေါင်း​လိုက်ရင် တရုတ်အ​နေနဲ့​က ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ ဒီမိုက​ရေစီ အင်အား​စု​တွေကို ပိုပြီး​တော့​ သိသိသာသာ​ပေါ့​ ​ထောက်ခံအား​ပေး​လာမယ့်​ လက္ခဏာများ​ ​တွေ့​ရလား​ဗျ။

“ကျ​နော့်​အမြင့်​က​တော့​ အ​ပေါင်း​လက္ခဏာများ​တယ်လို့​ ထင်ပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ တိုင်း​ရင်း​သား​တွေနဲ့​ ကချင်​ဒေသမှာ ဖြစ်ပွား​ခဲ့​တဲ့​ ဇူလိုင်လ​လောက်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အိပ်ဖွင့်​ပေး​စာ အ​ပေါ်မှာလည်း​ တရုတ်အစိုး​ရက အများ​ကြီး​ ​ကျေနပ်တယ်ဆိုတာကို ကျ​နော်တို့​ သိရပါတယ်။ အဲဒီစာအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အပြုသ​ဘော ​ဆောင်တဲ့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​အ​ပေါ်မှာလည်း​ တရုတ်အစိုး​ရက​နေပြီး​တော့​ ​ပြောင်​ပြောင်တင်း​တင်း​ မဟုတ်ရင်​တောင်မှ တဖက်တလမ်း​က​နေပြီး​တော့​ အကူအညီ​ပေး​နေတယ်လို့​ ကျ​နော်တို့​ ယုံကြည်ရပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ တရုတ်အစိုး​ရအ​နေနဲ့​ ဘယ်အစိုး​ရပဲ တက်တက်၊​ ဘယ်သူပဲ ​ခေါင်း​ဆောင် ​ခေါင်း​ဆောင် တရုတ်အစိုး​ရအ​နေနဲ့​ ဗမာပြည်မှာ ​ဆွေမျိုး​ပေါက်​ဖော် ချစ်ကြည်​ရေး​လို့​ သူတို့​ခေါ်တဲ့​ ဗမာပြည်အ​ပေါ်မှာ ပိုပြီး​တော့​ လွှမ်း​မိုး​နိုင်တဲ့​ နိုင်ငံခြား​ရေး​မူဝါဒကို သူတို့​ ထား​ရှိဖို့​ လိုအပ်ပါတယ်။ ဒါ​ကြောင့်​ ရှင်း​ရှင်း​ပြောရရင် သမ္မတကြီး​ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံပြီး​တဲ့​အချိန်မှာ တရုတ်အစိုး​ရအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​တွေ့​ဆုံဖို့​အတွက် တရုတ်ပြည်ရဲ့​ ကိုယ်စား​ပေါ့​နော် သံအမတ်ဆိုတာ တိုင်း​ပြည်ရဲ့​ ကိုယ်စား​ပြုပုဂ္ဂိုလ် တဦး​ ဖြစ်ပါတယ်။ ဒီအတွက်​ကြောင့်​ ဒါဟာ အင်မတန်မှ အ​ရေး​ကြီး​တဲ့​ ​ခြေလှမ်း​တခုကို သူတို့​ စပြီလို့​ ကျ​နော်ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013