
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း တံခွန်တိုင်ဆည် ကမ်းစပ်ရေထဲမှာ သေဆုံးနေတဲ့ အမျိုးသားတဦးကို ဖေဖော်ဝါရီ ၁၁ ရက် နေ မွန်းလွဲ ၁၂ နာရီခွဲ လောက်မှာ တွေ့ရှိရပါတယ်။
သေဆုံးသူမှာ တဲစုကျေးရာမှာ တောင်သူအငှား လာလုပ်နေတဲ့ မလှိုင်မြို့နယ်၊ နတ်စင်ကုန်းရွာက အသက် ၄၇ နှစ်ရှိတဲ့ ကိုစိန်ဝင်း ဖြစ်ပြီး အရက်မူးလွန်ကာ ရေဆင်းချိုးရင်း သေဆုံးတာ ဖြစ်နိုင်ပြီး ပြင်ပဒဏ်ရာမတွေ့ရဘူးလို့ စခန်းမှူး ရဲအုပ်မင်းမင်းထွေးက ပြောပါတယ်။
သေဆုံးမှုနှင့် ပတ်သက်ပြီး ၀မ်းတွင်းမြို့နယ်၊ ပင်းတလဲရဲစခန်းက ရဲအုပ်မင်းမင်းထွေးမှ သေမှုသေခင်း အမှုအမှတ် (၁/၂၀၁၇) နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနေပါတယ်။
သတင်း၊ဓာတ်ပုံ- မောင်မောင်လင်း(ဝမ်းတွင်း)











