DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ ပြည်ထောင်စုနေ့ သရုပ်ပြ စက်ဘီးစီးနင်းပွဲ ပြုလုပ်
DVB
·
February 12, 2017
မြိတ်မြို့ ပြည်ထောင်စုနေ့ သရုပ်ပြ စက်ဘီးစီးနင်းပွဲ ပြုလုပ်
1 / 7
Donate to DVB

နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် MYEIK BIKE ASSOCIATION (MBA) စက်ဘီးစီးအဖွဲ့နဲ့ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် rနက် ၆ နာရီu ပထမဆုံးအကြိမ် သရုပ်ပြ စက်ဘီးစီးနင်းနေကြပါတယ်။

ပြည်ထောင်စုနေ့ မြိတ်မြို့မှာ ပြုလုပ်တဲ့ လူထုလှုပ်ရှားမှုအသွင်ဖြင့် သရုပ်ပြ စက်ဘီးစီးနင်းပွဲကို စက်ဘီးစီးဝါသနာရှင်တွေ၊ ကျောင်းသူ/သားတွေနဲ့ မြို့ခံပြည်သူတွေ စုစုပေါင်း ၇၀၀ အစီးရေတို့ မြို့လှည့် စီးနင်းနေကြတယ်လို့ သိရပါတယ်။

စက်ဘီးစီးနင်းပွဲကို မြိတ်မြို့နယ်၊ ကန်ဖျားရပ်ကွက် မြိတ်မြို့မအားကစားကွင်းအရှေ့မှ စတင်ထွက်ခွာသွားနေပြီး ဗဟိုလမ်းအတိုင်းစီးနင်း၍ ကန်ခေါင်းလမ်းမှတဆင့် ကြောင်ငယ်၊ ကန်ဘောင်ရိုးလမ်း၊ ဦးမြတ်လေးလမ်း၊ မြို့သစ်တံတားဦး၊ နောက်လယ် ၇ လမ်း၊ အမှတ် (၁) ဘော ဆိပ်ခံတံတားတဆင့် ကမ်းနားလမ်း၊ ငါးဦးစီးရုံးလမ်း၊ တပ်ပြင်လမ်းအတိုင်း စီးနင်းပြီး ပိတောက်လမ်းမှ တဆင့် ကန်ဖျား ကြံတောလမ်းမကြီးအတိုင်း စီးနင်းပြီး ကန်ဖျားမြေနီးလမ်းအတိုင်း မြို့မအားကစားကွင်း အရှေ့တွင် ပြန်လည် ပန်းဝင်ခဲ့ကြတယ်လို့ မြိတ်စက်ဘီးနင်းအဖွဲ့များထံမှ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ- ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013