DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့​ နှစ်​ ၇၀ ပြည့် ပြည်​​ထောင်​စု​နေ့ အခမ်းအနား ကျင်းပ
DVB
·
February 12, 2017
မြင်းခြံမြို့​ နှစ်​ ၇၀ ပြည့်  ပြည်​​ထောင်​စု​နေ့ အခမ်းအနား ကျင်းပ
1 / 9
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့မှာ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ဒီကနေ့ နံနက် ၆ နာရီ ၃၀ မိနစ်က မြင်းခြံမြို့ အထက (၁) ကျောင်းဝန်းအတွင်းမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ယင်းအခမ်းအနားကို မြင်းခြံမြို့မှ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်ခရိုင်အုပ်ချုပ်ရေးမှူးများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ကြံ့ခိုင်ဖွံဖြိုးရေးပါတီမှ တာဝန်ရှိသူများ မီးသတ်တပ်ဖွဲ့ဝင်များ ဆရာ/ဆရာမများ အရပ်ဖတ်လူမှုအဖွဲ့အစည်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့ပေါ်ရှိ ရုံးစိုက်ရာ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။

မြင်းခြံမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးမှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့ခဲ့တဲ့ ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အခမ်းအနားမှာ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့တဲ စာစီစာကုံးပြိုင်ပွဲများ ကဗျာရွတ် ပြိုင်ပွဲများမှ ဆုရရှိတဲ့ ကျောင်းသား/သူများကို ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားကို နံနက် ၇ နာရီ ၃၀ မိနစ်မှာ ပြီးဆုံးကာ တက်ရောက်သူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013