DVB Logo
Home
မြန်မာသတင်း
တိမ်းစောင်းသောင်တင်နေသည့် ပနားမားသင်္ဘောပေါ်မှ မြန်မာများကို ဂျပန်ကယ်တင်
DVB
·
February 12, 2017
တိမ်းစောင်းသောင်တင်နေသည့် ပနားမားသင်္ဘောပေါ်မှ မြန်မာများကို ဂျပန်ကယ်တင်
Donate to DVB

ဖေဖော်ရီ ၁၁ ရက်က ဂျပန်နိုင်ငံ ကာဂိုရှီမာ ခရိုင် တိုကရကျွန်းစုတွေအနီး တိမ်းစောင်းသောင်တင်တဲ့ ပနားမားအလံတင် ရေနံသဘောင်္ပေါ်က မြန်မာနိုင်ငံသားတွေကို ဂျပန် ကမ်းခြေစောင့်တပ် အမှတ် ၁၀ ကတွေ့ရှိ ကယ်တင်နိုင်ခဲ့ပါတယ်။

သင်္ဘောပေါ်မှာ မြန်မာ ၁၇ ယောက်နဲ့  ထိုင်ဝမ်နိုင်ငံသား ၁ ယောက် စုစုပေါင်း ၁၈ ယောက် စီးနင်းလာခဲ့ပြီး ဂျပန်ကမ်းခြေစောင့်တပ်က အားလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တန်ချိန် ၅၄၀၄ ရှိ အဲဒီ SAGAN ရေနံတင်သဘောင်္က မနက် ၆ နာရီခွဲလောက်မှာ အကူအညီ တောင်းခံခဲ့ပြီး မနက် ၁၁ နာရီလောက်မှာ ကမ်းခြေစောင့်တပ်က ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်မှု စတင်ခဲ့ကာ အားလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

သင်္ဘောဟာ ထိုင်ဝမ်ကနေ ကိုရီးယားနိုင်ငံကို သွားတာ ဖြစ်ပြီး ရာသီဥတု ဆိုးဝါးနေကြောင်း သက်ဆိုင်ရာ သတိပေး တားမြစ်ချက် ထုတ်ပြန်ကြေညာထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013