
အစိုးရသစ်လက် ပထမဦးဆုံးကျင်းပတဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပပါတယ်။
အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ကာ နိုင်ငံတော်သမ္မတဦးထင်ကျော် ပေးပို့တဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
သမ္မတပေးပို့တဲ့သဝဏ်လွှာမှာ “နိုင်ငံဟာ လွတ်လပ်ရေးရှိထားပေမယ့်လည်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လက်ရှိအချိန်ထိ ပြည်သူများ မငြိမ်းချမ်းဘူး” လို့ ထည့်သွင်းပြောကြားသွားပါတယ်။
နိုင်ငံတွင်း ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အမျိုးသားပြန်လည်သင့်မြတ်စည်းလုံးနိုင်ရေးအတွက် ဖြေရှင်းချက်က ''ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး'' ပဲ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပေးပို့တဲ့ သ၀ဏ်လွှာမှာ ဖော်ပြသွားပါတယ်။










