DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ရေဂါလန် ၈၀၀ သယ်လာသည့်ကား တိမ်းမှောက်
DVB
·
February 11, 2017
မြိတ်မြို့တွင် ရေဂါလန် ၈၀၀ သယ်လာသည့်ကား တိမ်းမှောက်
1 / 6
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်နယ်မြေ ဘုရားကိုင် ဘုန်းကြီးကျောင်းဝင်း တောင်ပေါ်မှာ ရေဘောက်ဆာကားတစီး တိမ်းမှောက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဇာနည် မောင်းနှင်လာတဲ့ 2A/4519၊ TOYOTA ဒိုင်နာအမျိုးအစား၊ ရေဂါလန် ၈၀၀ ဆံ့ ရေသယ်ယာဉ်ကို ရေအပြည့်နဲ့ ဘုရားကိုင်တောင်ပေါ်ရှိ ဘုန်းကြီး ကျောင်းကို ရေပို့ဖို့အသွား ကုန်းအတက်မှာ နောက်ပြန်လိမ့်ကျတိမ်းမှောက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ သိရပါတယ်။

ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇာနည် ကို မြိတ်မြို့မရဲစခန်းမှ ယာဉ်(ပ)၁၆/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013