DVB Logo
Home
မြန်မာသတင်း
ခမောက်ကြီးမြို့နယ်တွင် တရားမဝင်သစ်များ ဖမ်းမိ
DVB
·
February 11, 2017
ခမောက်ကြီးမြို့နယ်တွင် တရားမဝင်သစ်များ ဖမ်းမိ
1 / 7
Donate to DVB

ခမောက်ကြီးမြို့နယ်ခွဲ ပါချန်သစ်တောကြိုးဝိုင်း ၄၂ မိုင်အလွန် ကော့သောင်း-ဘုတ်ပြင်း ကားလမ်းမရဲ့ သစ်တောအတွင်း တရားမဝင်သစ် ခွဲစိတ်နေတယ်လို့ သတင်းအရ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ကျော်နိုင်ဆိုသူကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိသူ ကျော်နိုင် ကို ဘိနယ်သစ်တောရုံးမှာ စစ်ဆေးရာ တရားမဝင်သစ်ခွဲသား ၁၆ ချောင်း ၀.၃၄၉၈ တန်၊ လက်ကိုင်လွှစက်တလုံးနဲ့ ဆက်စပ်ပါဝင်သူ ဆူးကန်း ဆိုသူကို ပါသက်သေခံပစ္စည်းနဲ့ အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သစ်တောဦးစီးအရာရှိ ဦးရဲထွဋ်က တရားလိုပြုပြီး တရားခံကျော်နိုင်နဲ့ စူးကန်းတို့ကို ပြစ်မှုကြီးအမှတ်၂၈၅/၂၀၁၇ သစ်တောဥပဒေပုဒ်မ-၄၁(က)၊ ၄၂(က)၊ ၄၂(ဂ) တိုနဲ့ တရားစွဲဆိုထား ကြောင်း သိရပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013