DVB Logo
Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးရေး ပေါင်းတည်တွင် ဆန္ဒပြ
DVB
·
February 11, 2017
တရားဥပဒေစိုးမိုးရေး ပေါင်းတည်တွင် ဆန္ဒပြ
1 / 7
Donate to DVB

တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေးအတွက် ပေါင်းတည်မြို့မှာ `ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပေါင်းတည်မြို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဦးဆောင်ပြီး လူအင်အား ၄၀၀ ကျော်နဲ့ မြို့တွင်းကို လှည့်လည်ဆန္ဒပြတောင်းဆိုကြတာပါ။

“အခုလက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေက ကာကွယ်ရေးဦးစီးချုပ်နဲ့ လက်ရှိအစိုးရ မှာ လုံးဝတာဝန်ရှိပါတယ်။ အဲဒါကြောင့် စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးပါလို့ ဒီနေရာကနေတောင်းဆိုချင်ပါတယ်” လို့ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးအဖွဲ့က ဖြူဖြူကျော်က ပြောပါတယ်။

အဲဒီဆန္ဒပြပွဲကို ပေါင်းတည်မြို့ ပြည်-ရန်ကုန်လမ်း ကုသိုလ်ဖြစ်ဆေးခန်းရှေ့မှာ စုရုံးစတင်ခဲ့ပြီး ၁ လမ်း၊ ၃၇ လမ်း၊ ၃၈ လမ်း မှတ်တိုင်လမ်း၊ ဘုရားကြီးလမ်း ၁၁ လမ်း၊ တာပွန်လမ်း ၁၉ လမ်း၊ အရှေ့လမ်း၊ ၆ လမ်း၊ ၇ လမ်း တွေကနေ အာဇာနည်ကျောက်တိုင် ရှေ့ထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လမ်းတလျှောက်မှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေး စတာတွေ ကြွေးကြော်ပြီး ဗွီနိုင်းတွေကိုင်ဆောင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ချီတက်ပြီး နောက်ဆုံး အာဇာနည်ကျောက်တိုင်ရှေ့မှာ ကိုစောနိုင် နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့အမျိုးသမီးဖွံဖြိုးတိုးတက်ရေးအဖွဲ့က ဖြူဖြူကျော် တို့က ဟောပြောပြီး ဆန္ဒပြပွဲကို ပြီးဆုံးခဲ့ပါတယ်။

သတင်းဓာတ်ပုံ - မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013