DVB Logo
Home
မြန်မာသတင်း
ပြည် ရွှေဆံတော်ဘုရားတွင် ဉာဏ်ရိုးပူဇော်ပွဲ ကျင်းပ
DVB
·
February 11, 2017
ပြည် ရွှေဆံတော်ဘုရားတွင် ဉာဏ်ရိုးပူဇော်ပွဲ ကျင်းပ
1 / 7
Donate to DVB

နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့တဲ့ ဉာဏ်ရိုးပူဇော်ပွဲကို ပဲခူးတိုင်းပြည်မြို့ ရွှေဆံတော်ဘုရား ရင်ပြင်တော်မှာ နှစ်စဉ် တပို့တွဲလပြည့်နေ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

“အဲဒီရက်မှာ ထူးကဲစွာအအေးဓာတ်ပိုကဲလေ့ရှိပြီး မြူတွေနဲ့ ပိတ်နေတတ်ပါတယ်။ မနက် ၄ နာရီ ၅ နာရီ လောက်မှာ ဘုရားရင်ပြင်တော် ကိုတက်ပြီး ဘုရားခြေဖျားတော်၊ လက်ဖျားတော်တွေကို မီးလှုံပေးရင်းနဲ့ အနွေးဓာတ်ပေးတဲ့ သဘောဖြစ်ပါတယ်။ အဲဒီလိုပေးခဲ့ရင် ကျောင်းသားလူငယ်တွေ အတွက် ဉာဏ်ပညာ ကြီးမြင့်စေတယ်လို့ ရှေးယခင်ကတည်းက အယူရှိခဲ့တာဖြစ်တယ်။” လို့ ဘုရားဝေယာဝစ္စ အသင်းက ကိုသိန်းမင်းထွန်းကရှင်းပြပါတယ်။

မြန်မာတပြည်လုံးမှာ ပြည်မြို့တမြိုကတည်းက ရွှေဆံတော်စေတီတခုတည်းမှာပဲ ပြုလုပ်လေ့ရှိတာကြောင့် နယ်ဝေးက ဘုရားဖူးခရီးသည်တွေလာပြီး ဉာဏ်ရိုးပူဇော်လေ့ရှိပါတယ်။ လပြည့်နေ့ညနေဘက်မှာ ဘုရားခြေရင်းမှာ လာရောက်ရောင်းချတဲ့ ဉာဏ်ရိုးတွေကို ဝယ်ယူထားကြပြီး မနက် ၄ နာရီ လောက်မှာ ဘုရားပေါ်တက်ပြီး မီးရှို့ပူဇော်ကြတာပါ။

အဲဒီကနေ ပြည်မြို့အနောက်ဘက်ကမ်းက ဖိုးဦးတောင်စေတီကို စက်လှေတွေနဲ့ ဘုရားပွဲတော်ကို တဆက်တည်း ဘုရားဖူးဆက်ထွက်ကြပါတယ်။

အဲဒီဉာဏ်ရိုးတွေကို ဉာဏ်ပင်ကနေခုပ်ယူရပြီး ပြည်ပတ်ဝန်းကျင်ဒေသတွေမှာ ရေစပ်စပ် ကုန်းမြေတွေမှာ အလေ့ကျပေါက်တဲ့ အပင်မျိုးဖြစ်ပြီး ဒေသခံတွေက အဲဒီရက်မတိုင်မီကတည်းက တောထဲမှာ လိုက်လံခုတ်ယူပြီး လပြည့်နေ့ညမှာ ဘုရားခြေရင်းမှာ လာရောက်ပြီး  တရိုးကို ၂၀၀ ကျပ်ပတ်ဝန်းကျင်နဲ့ ရောင်းချကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013