DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ၁၅ ရက်အတွင်း သစ်တန်ချိန် ၁၀၀၀ ကျော် ဖမ်းဆီးရမိ
DVB
·
February 11, 2017
ရန်ကုန်တွင် ၁၅ ရက်အတွင်း သစ်တန်ချိန် ၁၀၀၀ ကျော် ဖမ်းဆီးရမိ
1 / 6
Donate to DVB

ရန်ကုန်တိုင်းမှာ ၁၅ ရက် အတွင်း တရားမ၀င်သစ်တန်ချိန် ၁၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ သစ်တောဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၂၄ ရက်က အလုံဆိပ်ကမ်းမှာ ကွန်တိန်နာအတွင်း တွေ့ရှိခဲ့တဲ့ တရားမ၀င်သစ်ဖမ်းမိမှုကနေကွင်းဆက် ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၈ရက် ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ အရှေပိုင်းတို့မှာ ထမ်မံဖမ်းမိမှုများ ဒီထဲမှာ ပါဝင်ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်း၊ စက်မှုဇုန်တိုးချဲ့ ၂၊ ၁၄၄ ရပ်ကွက် ဝက်မစွတ်ဝန်ထောက်လမ်းနဲ့ စိန္တကျော်သူဦးသြလမ်းထောင့်ရှိ ဒေါ်ခက်ခက်ကျော်ပိုင် ခြံအမှတ် ၁၅၈ အား ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူ ဦးစီး၊ သစ်တောဝန်ထမ်းတွေ၊ သစ်တောရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတို့ပါဝင်တဲ့ အဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲပိုင်းမှာ ဥပဒေနဲ့အညီ ဝင်ရောက်ရှာဖွေခဲ့ရာ ရေသန့်ဘူးခွံ၊ ကတ်ထူဖာတွေနဲ့ ဖုံးအုပ်ကွယ်ဝှက်ထားတဲ့ တရားမဝင် ပိတောက်စကွဲယားတုံး တန် ၁၀၀ ကျော်၊ ကျွန်းစကွဲယားတုံးနဲ့ ကျွန်းခွဲသား ၁၅ တန်ခန့် အား ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဌာနသတင်းမှာ ဖော်ပြပါတယ်။

တခါ သတင်းအရ ဒဂုံမြို့သစ်အရှေ့ပိုင်း ပြင်စည်မင်းသားကြီးလမ်းရှိ ဦးခင်မောင်ပိုင် ခြံအမှတ် ၃၅ အား ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဝင်း ဦးစီး၊ သစ်တောဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါဝင်တဲ့အဖွဲ့က အဲဒီနေ့ မွန်းလွဲပိုင်းမှာပဲ ဝင်ရောက်ရှာဖွေခဲ့ရာ ခြံဝင်းအတွင်းရှိ ဂိုဒေါင်အတွင်းကနေ  တရားမဝင် ပိတောက်စကွဲယားတုံး တန် ၅၀ ကျော်ကို ဖမ်းဆီး ရမိခဲ့ပြန်ပါတယ်။

တရားမ၀င်သစ်တွေ ဖမ်းဆီးရမိမှုမှာ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013