DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေးထုတ်လုပ်ခွင့် အသစ်ထပ်မံခွင့်မပြုတော့
DVB
·
February 10, 2017
Donate to DVB

ကျောက်မီးသွေးထုတ်လုပ်ခွင့်ကို အသစ်ထပ်မံခွင့်မပြုတော့ဘူးလို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခုလို ပြန်လည်ဖြေကြားတာပါ။

“အရင်ထုတ်လုပ်ခွင့်ပေးတဲ့သူတွေကတော့ ဆက်ထုတ်ပေါ့ဗျာ။ အသစ်တော့ မပေးတော့ဘူး။ မပေးတော့ဘဲနဲ့ ထုတ်လုပ်တဲ့နေရာမှာလည်း စည်းကမ်းတကျထုတ် မထုတ် စစ်ဆေးပါတယ်။ စည်းကမ်းတကျထုတ်လုပ်မှု မရှိရင် ခွင့်ပြုမိန့်တွေ ရပ်ပေးထားပါတယ်။ ဘာဖြစ်လို့လည်းဆို ကျောက်မီးသွေးက သိပ်အရေးကြီးတယ်။ လူတွေ ကျန်းမာရေးအတွက်တော်တော်အရေးကြီးပါတယ်။ တစ်ဖက်က စွမ်းအင်အရေးကြီးသလို လူ့ရဲ့ ကျန်းမာရေးက အရေးကြီးတာကို” လို့ ဦးအုန်းဝင်းက ပြောပါတယ်။

စက်ရုံတွေအနေနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေဖို့ ထုတ်ပြန်ထားတဲ့ဥပဒေ၊ နည်းဥပဒေတွေ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး လမ်းညွန်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လုပ်ငန်းခွင့်ပြုမိန့်ပေးတဲ့ ဌာန၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်ဆေးနေလို့ဆိုပါတယ်။

ဒါအပြင် ဒုတိယသမ္မတ (၁) က နာယကအဖြစ် ဦးဆောင်ပြီးဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီက စီမံကြီးကြပ်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေ ပါတဲ့ စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့စည်းပြီဖြစ်တဲ့အတွက် လိုအပ်သလို ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013