DVB Logo
Home
မြန်မာသတင်း
မဲစာရင်းလာကြည့်ရှုတောင်းဆိုကန့်ကွက်ကြရန် ကော်မရှင်မေတ္တာရပ်ခံ
DVB
·
February 10, 2017
မဲစာရင်းလာကြည့်ရှုတောင်းဆိုကန့်ကွက်ကြရန် ကော်မရှင်မေတ္တာရပ်ခံ
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာ ကြေညာကပ်ထားရာမှာ လာရောက်ကြည့်ရှုသူ အလွန် နည်းပါးနေတဲ့အတွက် မှန်ကန်မှုရှိမရှိ လာရောက်ကြည့်ရှုစစ်ဆေးကြဖို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနှိုးဆော်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်ထိ မဲစာရင်းလာကြည့်သူအရေအတွက်ဟာ မဲဆန္ဒရှင်တွေရဲ့ ၆ ရာခိုင်နှုန်းကျော်သာရှိပြီး၊ နာမည်မပါလို့ထည့်ပေးရန်တောင်းဆိုသူ ၂ ဒသမ ၇ ရာခိုင်နှုန်း၊  မဲစာရင်းမှာ မပါသင့်တဲ့သူပါနေလို့ ကန့်ကွက်သူ ၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့၊ အချက်အလက်မှားလို့ ပြင်ဆင်ရန်တင်သွင်းသူ ၁ ဒသမ ၆ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့ အနည်းဆုံး တအိမ် ထောင်တယောက် မပျက်မကွက်လာရောက်ကြည့်ရှုပြီး လိုအပ်ချက်တွေကို တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ကူညီပေးကြဖို့ ကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။

၂၀၁၇ ဧပြီ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ  ကပ်ထားပေးထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013