DVB Logo
Home
မြန်မာသတင်း
မောင်တောခရိုင်တွင် ညမထွက်ရအချိန်လျှော့ချသတ်မှတ်
DVB
·
February 10, 2017
မောင်တောခရိုင်တွင် ညမထွက်ရအချိန်လျှော့ချသတ်မှတ်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း နယ်မြေတည်ငြိမ်းအေးချမ်းမှုမရှိလို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို  အချိန်လျော့ချ ပြင်ဆင်သတ်မှတ်ပေးလိုက်တယ်လို့ ဒီကနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

မောင်တောခရိုင်မှာ၂ဝ၁၆ ဒီဇင်ဘာ ၉ ရက်က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့တဲ့  ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာအထွေထွေအမှုအမှတ် (၂/၂ဝ၁၆)ကို မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ- ၁၄၄ ၊ ပြစ်မှုဆိုင်ရာ အထွေအထွေအမှုအမှတ်(၁/၂ဝ၁၇) နဲ့ မနေ့က ပြင်ဆင် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပြင်ဆင်တဲ့အမိန့်မှာ မောင်တောခရိုင်အတွင်း ပြည်သူတွေသွားလာရာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လူ ၅ ဦး(သို့မဟုတ်) ၅ ဦး ထက်ပိုတဲ့ လူများစုဝေးမပြုလုပ်ဖို့နဲ့  အရင် ထုတ်ပြန်တဲ့ ည ၇ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီကာလအတွင်း ညမထွက်ရအမိန့်အစား ယခု ည ၉ နာရီမှ နံနက် ၅ နာရီထိ ကာလအတွင်း ညမထွက်ရအမိန့်ကို ထပ်မံပြင်ဆင်ထားပါတယ်။ ပြင်ဆင်ထုတ်ပြန်တဲ့ အမိန့်ဟာ ၂ လပြည့်မြောက်တဲ့အထိ အတည်ဖြစ်တယ်လို့ဆိုပါတယ်။

မောင်တောမှာ အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ အနေနဲ့ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုရှိစေရေးတို့အတွက် ဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ အစိုးရသတင်းစာမှာသတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013