DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့ အနီး တရားမဝင်သစ်များ တင်ဆောင်လာသည့်ကားနှင့် ၂၂ ဘီးတွဲကား တိုက်မိ
DVB
·
February 10, 2017
ဖြူးမြို့ အနီး တရားမဝင်သစ်များ တင်ဆောင်လာသည့်ကားနှင့် ၂၂ ဘီးတွဲကား တိုက်မိ
1 / 7
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှာ ဒီနေ့ မနက် ၁၀ နာရီက ကုန်တင်ယာဉ် ၂ စီးတိုက်မိရာမှ တရားမဝင်သစ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်ပင်သာနယ်မြေရဲစခန်းက သိရပါတယ်။

ညောင်ပင်သာနယ်မြေရဲစခန်း မြောက်ဘက် ၄ ဖာလုံခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၈/၇ အနီး ကျီးမနိုးကျေးရွာအနီးမှာ  ကန့်ဘလူမြို့နယ် ကာဘိုဆည်စံပြကျေးရွာနေ ယာဉ်မောင်းဇော်မင်းသိန်း မောင်းနှင်းလာပြီး  နို့ဆီဘူး အချိုရည်ဘူး ဆပ်ပြာတွေ တင်ဆောင်လာတဲ့ အနီရောင် ၂၂ ဘီးယာဉ်ဟာ  မြောက်ဘက်ကနေ တောင်ဘက်သို့မောင်းနှင်လာတဲ့  NISSAN ဖြူနီကြား ၁၀ ဘီးယာဉ်နဲ့ ပွတ်တိုက်မိကာ ၂၂ဘီးတွဲယာဉ်မှာ လမ်းမပေါ်မှ ကန့်လန့်ဖြတ် လဲကျခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ၁၀ ဘီးယာဉ်မှာ လမ်းယာဘက်ခြမ်းသို့ရောက်ရှိသွားခဲ့ပြီး ၁၀ ဘီးယာဉ်ပေါ်မှာ ပိတောက်ခွဲသားမျိုးစုံ တရားမ၀င် တင်ဆောင်လာတာကို တွေ့ရှခဲ့ပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမှာ နေ့လယ် ၁ နာရီခွဲအထိယာဉ်ကြောပိတ်ဆို့ခဲ့ရပါတယ်။

"ခုချိန်အထိသစ်တွေကို မတိုင်းရသေးဘူး လမ်းပိတ်နေလို့ အရင်ရှင်းနေရတယ်။ ကားပေါ်ကတော့ အကြမ်းမျဉ်းပိတောက်သားလို့ ထင်ရပါတယ်။ တိုင်းထွာပြီးရင် သစ်တောဥပဒေနဲ့ပဲ တရားစွဲဆိုမှာပါ။ ခန့်မှန်းလေးတန်ကျော်မယ်ဗျ"လို့ ဖြူးသစ်တောဌာနမှတာဝန်ရှိသူတဦးက ပြောပါတယ်။

"ကျနော်သိရသလောက်ကတော့ ၁၀ ဘီးယာဉ်က အရှိန်ပြင်းစွာနဲ့ ၂၂ ဘီး ယာဉ်ရဲ့ဆီတိုင်ကီနေရာကို ဝင်တိုက်တော့တွဲကားလမ်းမပေါ် ကန့်လန့်ပိတ်လဲသွားတယ်။ ၁၀ဘီးကားသမားနဲ့ စပယ်ယာက ထွက်ပြေးတယ်။ ကားပေါ်ကို ရဲတွေတက်စစ်တော့ နံပါတ်ပြားအတုတွေ တွေ့တယ်ပြောတယ်။ သစ်တွေကို မြေပဲခွံအိတ်တွေနဲ့ ဖုံးပြီးသယ်လာတာလေ ကားလမ်းကတော့ ပိတ်နေတာကြာပြီ"လို့ ဒေသခံမျက်မြင်တဦးက ပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013