DVB Logo
Home
Lead Story
ရန်ကုန်လေဆိပ်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေ - ဒု-ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် (ရုပ်သံ)
DVB
·
February 10, 2017
ရန်ကုန်လေဆိပ်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေ - ဒု-ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် (ရုပ်သံ)
Donate to DVB

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံပစ်သတ်ခံရပြီးနောက် လေဆိပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။

လက်ရှိလေဆိပ်လုံခြုံရေး အခြေအနေနဲ့ပတ်သက်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းရာမှာ လေဆိပ်အဆောက်အဦပိုင်း လုံခြုံရေးနဲ့ အများပြည်သူတွေရဲ့ နေရာလုံခြုံရေးကို နှစ်ပိုင်းခွဲပြီး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“လေဆိပ်လုံခြုံရေးအနေနဲ့ ဦးတို့က နှစ်ပိုင်းပေါ့နော်။ လေဆိပ်အဆောက်အဦ Terminal လုံခြုံရေးနဲ့ Landside Security လို့ခေါ်တဲ့ အပြင်ဘက် Public Area လုံခြုံရေး နှစ်ခုခွဲပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ Terminal လုံခြုံရေးအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၂၉ ရက် ဖြစ်ပြီးတဲ့နောက်ပိုင်းကစလို့ လေဆိပ်အ၀င်ဝတွေမှာ စစ်ဆေးတဲ့အခါ အရင်တုန်းကတော့ ခရီးသည်တွေရဲ့အိတ်၊ လက်ဆွဲအိတ်တွေကိုပဲ၊ ခရီးသည်တွေရော၊ လိုက်ပို့တဲ့လူတွေရဲ့ လက်ဆွဲအိတ်တွေ၊ ပိုက်ဆံအိတ်တွေ အကုန်လုံး X-ray နဲ့ စစ်ဆေးတယ်။ လူကိုတော့ သီးခြားမစစ်ဆေးဘဲနဲ့ လေဆိပ်အတွင်းထဲကို ဝင်ခွင့်ပြုတယ်။ အခု အဲဒီနေ့ကစပြီးတော့ လူကိုပါ စစ်ဆေးတယ်။ လူကို စစ်ဆေးတဲ့အခါမှာ Walk Through Elevator လို့ခေါ်တဲ့ လမ်းလျှောက်ပြီးတော့ ဖြတ်ပြီးဝင်ရတဲ့စက်နဲ့ စစ်သလို အထဲရောက်ပြီးတာနဲ့ Body Search လုပ်တယ်ပေါ့။ ထပ်ပြီးတော့ နောက်တကြိမ် Normal Hand Search လုပ်ပါတယ်။ လေဆိပ်ထဲကို ဝင်တယ်ဆိုရင် စစ်ဆေးတာကို တိုးမြှင့်ဆောင်ရွက်နေတယ်။ ပြီးတော့ Landside Security နဲ့ပတ်သက်လို့တော့ Public ဧရိယာတွေဖြစ်တဲ့ ကားလမ်းတွေ၊ လေဆိပ် အဆောက်အဦထဲ ဝင်မယ့်၊ ထွက်မယ့် ကားလမ်းတွေ နေရာတွေမှာ လုံခြုံရေး လေကြောင်းရဲတပ်ဖွဲ့က အင်အားတွေ ချထားပြီးတော့မှ လက်နက်ကိုင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စောင့်ကြပ်တဲ့စနစ်ကို ဆောင်ရွက်နေတယ်။ အလားတူပဲ လှည့်ကင်းတွေနဲ့ လှည့်တယ်။ လှည့်တဲ့အခါမှာလည်း လမ်းလျှောက်ပြီးတော့ လှည့်သလိုပဲ ယာဉ်တင်လှည့်ကင်းနဲ့ လှည့်တဲ့စနစ်လည်း ဆောင်ရွက်နေပါတယ်။ ဒါကတော့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ချက်ချင်း လုပ်ဆောင်လိုက်တဲ့ အနေအထားပေါ့။”

အင်တာဗျူးအပြည့်အစုံကို ရုပ်သံဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013