DVB Logo
Home
မြန်မာသတင်း
အသက်မပြည့် မိန်းကလေးများကို နိုင်ငံခြားသားများနှင့်လိင်ပျော်ပါးခိုင်းသူကို ထောင်ဒဏ် ၁၅ နှစ်ချ
DVB
·
February 9, 2017
အသက်မပြည့် မိန်းကလေးများကို နိုင်ငံခြားသားများနှင့်လိင်ပျော်ပါးခိုင်းသူကို ထောင်ဒဏ် ၁၅ နှစ်ချ
Donate to DVB

နိုင်ငံခြားသားများနဲ့ လိင်ပျော်ပါးဖို့အတွက် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်အချို့ကို စေခိုင်းခဲ့တဲ့ အမျိုးသမီးကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ လူကုန်ကူးမှု ဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၁၃ နှစ်သာရှိသေးတဲ့ မိန်းကလေး တဦးအပါအဝင် မိန်းကလေး ၅ ဦးကို ရန်ကုန်မြို့ရှိ ညကလပ်များကို လာရောက်လည်ပတ်တဲ့ (တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့) နိုင်ငံခြားသားများထံ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တဲ့ အသက် ၅၂ နှစ်အရွယ်ရှိ မဝေ (ခ) ဝေဝေဦးကို လူကုန်ကူးမှုဖြင့် တောင်ဥက္ကလာပရဲစခန်းမှာ တရားလို ဒုရဲမှူးဝင်းနိုင်ဦးက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက အမှုဖွင့် အရေးယူထားတာပါ။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် အမှတ် (၅) ရပ်ကွက်နေ မဝေဝေဦးဟာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦအပါအဝင် မိန်းကလေး ၅ ဦးကို ၄င်း၏ နေအိမ်မှာထားပြီး ညဘက်တွင် သိမ်ကြီးဈေးရှိ အင်ပါယာနိုက်ကလပ်ကို ပို့ဆောင်ကာ ကလပ်ကို လာရောက်တဲ့ နိုင်ငံခြားသားများက ပျော်ပါးလိုကြောင်း ပြောရင် ဟိုတယ်၊ မိုတယ်များသို့ ပို့ကာ တဦးကို ငွေကျပ် ၈၀၀၀၀ ယူကာ မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့တာပါ။

အမည်မဖော်လိုသူ နိုင်ငံခြားသားတဦးက SAVE THE CHILDREN ကို သတင်းပေးတာကြောင့် စုံစမ်းစစ်ဆေးရာ တရားခံနဲ့ ခိုင်းစေခံရသူ မိန်းကလေးများကို တရားခံရဲ့ နေအိမ်မှာပဲ ဖမ်းဆီးနိုင်ခဲ့တာပါ။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတဲ့ မိန်းကလေးတွေဟာ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒလ၊ ကွမ်းခြံကုန်း၊ ဒဂုံတောင် စတဲ့မြို့နယ်တွေက ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013