DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြစ်အတွင်း အကြီးစားရေကာတာ လျှပ်စစ်ဓာတ်အားပေးထုတ်လုပ်မည့်စီမံကိန်းကို ဆန္ဒပြ
DVB
·
February 9, 2017
တနင်္သာရီမြစ်အတွင်း အကြီးစားရေကာတာ လျှပ်စစ်ဓာတ်အားပေးထုတ်လုပ်မည့်စီမံကိန်းကို ဆန္ဒပြ
1 / 7
Donate to DVB

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်အတွင်း အကြီးစားရေကာတာ လျှပ်စစ်ဓာတ်အားပေး ထုတ်လုပ်မည့်စီမံကိန်းကို ဒေသခံတွေ ဒီနေ့ မနက်ပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

တနင်္သာရီမြစ်တွင် GMS Power Public Co., Ltd က ဆောက်လုပ်မယ့် ရေကာတာ လျှပ်စစ်ဓာတ်အားပေး ထုတ်လုပ်မည့် စီမံကိန်းကို ဖေဖော်ဝါရီ ၉ ရက်မှာ တနင်္သာရီမြို့နယ်ခန်းမမှာ သက်ဆိုင်ရာကုမ္ပဏီက တာဝန်ရှိများ၊ အစိုးရအဖွဲ့ဝင်များ၊ အရပ်ဖက်အဖွဲ့စည်းတွေနဲ့ ပြည်သူ လူထုတွေ့ဆုံပွဲမှာ ကုမ္ပဏီက တိကျရေရာတဲ့ အချက်အလက်တွေ တင်ပြနိုင်ခြင်းမရှိလို့ ပြည်သူ ထူထုရဲ့ ဆန္ဒမပါဘဲ စီမံကိန်းအကောင်ထည်ဖော်မယ့်အရေးကို လက်မခံနိုင်ကြောင်း ကန့်ကွက်ဆန္ဒပြ ခဲ့ကြတာပါ။

တနင်္သာရီမြစ်အတွင်း အကြီးစား ရေကာတာ လျှပ်စစ်ဓာတ်အားပေး ထုတ်လုပ်မယ့် စီမံကိန်းနဲ့ ပတ်သက်လို့ GMS Power Public Co., Ltd က တနင်္သာရီမြို့နယ်ခန်းမမှာ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၁၀ နာရီမှာ ဒေသခံပြည်သူလူထုရဲ့ သဘောထားဆန္ဒကို လာရောက်တောင်းခံတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူလူထုများရဲ့ သဘောထားဆန္ဒမပါဘဲ သက်ဆိုင်ရာ ကုမ္ပဏီက ဆက်လက် လုပ်ဆောင်ပါက အနည်းအမျိုးမျိုးနဲ့ ကန့်ကွက်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ တနင်္သာရီမြစ်ပေါ်တွင် ဆောက်လုပ်မည့် ရေကာတာ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းသည် ဒေသခံများရဲ့ လူနေမှုဘ၀နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ သက်ရောက်လာ နိုင်တာကြောင့် ဆန္ဒပြ ကန့်ကွက်နေကြတာပါ။

သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013