DVB Logo
Home
မြန်မာသတင်း
ကညွတ်ကွင်းစည်ပင်အမှိုက်ပုံမီးလောင်၍ ပတ်ဝန်းကျင်ပြည်သူများ စိုးရိမ်
DVB
·
February 9, 2017
ကညွတ်ကွင်းစည်ပင်အမှိုက်ပုံမီးလောင်၍ ပတ်ဝန်းကျင်ပြည်သူများ စိုးရိမ်
1 / 7
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့ မြောက်ဘက်မိုင်တိုင်အမှတ် ၁၃၃/၁ နဲ့ ၁၃၃/၂ အကြားတံတားအမှတ် (၁/၁၃၄) ငနုစမ်းချောင်းကူးတတံအောက်ရှိ စည်ပင်အမှိုက်ပုံ မနက် ၁ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

"မီးကတော့များတယ်ဗျ။ ဘေးမှာလည်း လူနေအိမ်တွေရှိတော့ စိုးရိမ်ရတာပေါ့။ မီးသတ်ကားလာတာသုံးစီးဗျ။ နှစ်စီးနဲ့ပဲရတယ်။ နာရီဝက်လောက်ကြာတော့ မီးကိုထိန်းနိုင်ပါတယ်။ စိုးးရိမ်ရမယ့်အခြေအနေတော့ မရှိတော့ဘူးပေါ့။ မနှစ်ကဆို နှစ်ကြိမ်လောင်တယ်။ ဒီနှစ်အခုတကြိမ်ပေါ့။ အမှိုက်တွေက အရမ်းများနေတာ။ ဒီပုံစံဆို ဒီတံတားရည်ရှည်မခံလောက်ဘူး" လို့ မီးလောင်မှုကို သွားရောက်ကူညီသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်အား ကညွတ်ကွင်းဗဟိုမီသတ်က တာဝန်ရှိသူတဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်ရာ “အမှိုက်က များတယ်။ အဲဒီတော့ အခုဘေးကိုမကူးအောင် ထိန်းထားနိုင်ပြီပေါ့နော်။ မနက်လင်းရင် ဒီအမှိုက်တွေကို လူအားနဲ့ဖြဲချရမယ်။ ပြီးမှဆက်ပြီးငြှိမ်းရမှာပါ။ အခုတော့ မီးခိုတွေတော့ ထွက်နေသေးတာပေါ့။”

“စည်ပင်က အမှိုက်ပြစ်ရမယ့်နေရာလည်း သတ်မှတ်ပေးထားပြီးသား။ မြေနေရာရှိတဲ့ လွတ်ကင်းတဲ့နေရာမှာ မပစ်ဘဲ ဒီတံတားအောက်ကိုပဲ လာပစ်တယ်။ အဲဒါကြောင့်ဒီလိုဖြစ်တာ” လို့ ကညွတ်ကွင်းမြို့ခံတဦးက ပြောပါတယ်။

အဆိုပါမီးလောင်မှုကို ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်း ကတပ်ဖွဲဝင်များနဲ့ မီးသတ်တပ်ဖွဲ့ ၀င်တွေနဲ့ စုစုပေါင်းအင်အား ၄၀ လောက် မီးသတ်ယာဉ်နှစ်စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ၂၀၁၆ ခုနှစ် ကလည်း နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း အဲဒီအမှိုက်တွေဟာ စည်ပင်ကလာရောက် စွန့်ပစ်တဲ့ အမှိုက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013