DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင်း နိုင်ငံသားစိစစ်ခံကတ်ထုတ်ပေးရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်း
DVB
·
February 9, 2017
ရခိုင်ပြည်နယ်တွင်း နိုင်ငံသားစိစစ်ခံကတ်ထုတ်ပေးရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်း
Donate to DVB

 

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NVC  တွေ စိစစ် ထုတ်ပေးဖို့ ဦးဆောင်အဖွဲ့ကို အဖွဲ့ဝင် ၇ ဦးနဲ့  နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။

ဒီအဖွဲ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက  ဥက္ကဋ္ဌ၊  နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဒုဝန်ကြီးတွေ နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီး စသူတွေပါဝင်ပါတယ်။

ဒီအဖွဲ့အနေနဲ့ ကတ်စိစစ်ထုတ်ပေးခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လျင်မြန်ပြီးမြောက် အောင်မြင်စွာထုတ်ပေးနိုင်ဖို့  နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရမှာဖြစ်ပြီး  ဦးဆောင်အဖွဲ့အနေနဲ့ လုပ်ငန်းအောင်မြင်ဖို့ အခြားလိုအပ်တဲ့ လုပ်ငန်းအဖွဲ့တွေ အထောက်အကူပြုအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နိုင်တယ်လို့လည်းဆိုပါတယ်။

နယ်မြေဒေသအခြေအနေအရ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေ စစ်ဆင်ရေးအသွင် ဆောင်ရွက်နေချိန် လက်ရှိကာလမှာ NVC စိစစ်ထုတ်ပေးရေး လုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ ပူးပေါင်းကာ အလေးထားဆောင်ရွက်ဖို့လိုနေတယ်လို့လည်း သမ္မတရုံး အမိန့်ကြော်ငာစာမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ စိစစ် ဆောင်ရွက်ဖို့လိုသူတွေကို ၁၉၉၅ ခုနှစ်က ထုတ်ပေးထားခဲ့တဲ့ ယာယီသက်သေခံ လက်မှတ် (White Card)တွေဟာ  ၂၀၁၅  မေလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးသွားတဲ့အတွက် ပြန်လည် အပ်နှံစေခဲ့တာဖြစ်ပါတယ်။
ယာယီသက်သေခံလက်မှတ် (White Card) ပြန်လည်အပ်နှံသူ ၃၉၇၄၉၇ ဦးအနက် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့အထိ ၆၂၀၂ ဦးကိုသာ နိုင်ငံသားစိစစ်ခံရမည့်သူ၏သက်သေခံကတ်ပြား (NVC) ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013