DVB Logo
Home
မြန်မာသတင်း
၃ တန်းကျောင်းသူအား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းဆီး
DVB
·
February 9, 2017
၃ တန်းကျောင်းသူအား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းဆီး
Donate to DVB

 

အသက် ၉ နှစ်အရွယ် ၃ တန်းကျောင်းသူ တဦးကို ချုံပုတ်အတွင်း ပါးစပ်ပိတ်ပြီး အတင်း အဓမ္မခေါ်ဆောင်ကာ သားမယားအဖြစ်ပြုကျင့်ဖို့ ကြံစည်သူကို ဖမ်းဆီးအရေးယူထားတယ်လို့ ပဲခူးမြို့ အမှတ် ၂ နယ်မြေရဲစခန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ပဲခူးမြို့ ကလျာဏီရပ်ကွက်နေ ဒေါ်အေးငွေ ရဲ့တူမတော်စပ်သူ အသက် ၉ နှစ် အရွယ်သာရှိသေးတဲ့ ၃ တန်းကျောင်းသူ မ----ဟာ သူရဲ့ အတန်းဖော် သူငယ်ချင်းကို လိုက်ပို့ပြီး ရပ်ကွက်ကြီး(၁) မြေတိုင်း ၂၊ ကြာကန်လမ်းအနီး အရောက် အမျိုးသားတဦးက နေအိမ်တလုံးထဲက ထွက်လာပြီး လက်ကိုဆွဲပြီးဟိုဘက်လိုက်ခဲ့ဆိုပြီး ခေါ်တယ်လို့ သူမရဲ့အဒေါ် ဒေါ်အေးငွေက ပြောပါတယ်။

“အမျိုးသားတဦးက နေအိမ်တလုံးထဲက ထွက်လာပြီး လက်ကိုဆွဲပြီးဟိုဘက်လိုက်ခဲ့ဖို့ ခေါ်ပြီး မလိုက်နိုင်ဘူး အိမ်ပြန်မယ်ပြောတော့ ပါးစပ်ကိုပိတ်ပြီး ဆွဲခေါ်သွားရာ ချုံပုတ်ထဲအရောက် ငွေတထောင်ပေးကာ ၀တ်ဆင်ထာတဲ့ ကျောင်းစိမ်းဘောင်းဘီရှည်ကို ဆွဲချွတ်ပြီး လည်ပင်းကို ညှစ်ကာ အားဓမ္မပြုကျင့်ဖို့လုပ်တဲ့အတွက် အတင်းရုန်းပြီးဘောင်းဘီပြန်ဝတ်ကာ ထွက်ပြေးလာတာ ရပ်ကွက်ကြီး (၁)က ဦးသန်းထွန်း အိမ်ကို ရောက်လာတာ။”

အဒေါ်ဖြစ်သူနဲ့ မ------တို့အပါအ၀င် ရပ်ကွက်နေပြည်သူတွေ ပူပေါင်းပြီး စုံစမ်းရှာဖွေရာ အဓမ္မ ပြုကျင့်ဖို့ ကြံစည်သူဟာ ရပ်ကွက်ကြီး(၁)နေ ဦးသောင်းငွေရဲ့သား အသက် ၁၇ နှစ် အရွယ်ရှိတဲ့ မောင်ကျော်ဝေဇင်ဖြစ်ကြောင်း သိရှိရတဲ့အတွက် အဒေါ်ဖြစ်သူ ဒေါ်အေးငွေက မ--------ကို သားမယားအဖြစ်ပြုကျင့်ဖို့ ကြံစည်သူ မောင်ကျော်ဝေဇင်းကို အရေးယူပေးပါဖို့ တိုင်ကြားတဲ့အတွက် အမှတ်(၂) နယ်မြေ ရဲစခန်းက မောင်ကျော်ဝေဇင် ကို (ပ)၁၀၄/၂၀၁၇ ၊ရာဇသက်ကြီးပုဒ်မ ၃၇၆/ ၅၁၁ အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့  သိရပါတယ်။

သတင်း - အောင်စိုးမိုး (ပဲခူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013