DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးရာ ဓားဖြင့် ပြန်လည်ခုခံသူကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး
DVB
·
February 9, 2017
မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးရာ ဓားဖြင့် ပြန်လည်ခုခံသူကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး
1 / 4
Donate to DVB

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးစဉ် ဓားနဲ့ ပြန်လည်ခုခံတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ မိုးညှင်း မြို့မရဲစခန်းမှ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က မိုးညှင်းခရိုင် မှုခင်းနှိမ်နှင်းရေး တပ်ဖွဲ့မှ ရဲအုပ်မြင့်သူ ဦးဆောင်ပြီး မော်ဟန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ ပြည်သူ့စစ်တပ်စိတ်မှူးနဲ့ အဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မော်ဟန်-နန့်မချီမှော် ကားလမ်း မော်ဟန်ရွာအနီးမှာ သတင်းအရ စောင့်ဆိုင်းနေစဉ် နမ္မချီမှော်ဘက်ကနေ  ဖိုးနီမောင်းနှင်လာတဲ့ HENSIM-110 ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။

ဖိုးနီက အသင့်ပါလာတဲ့ အရိုးအသွား ၂၃ လက်မခန့်ရှိ ဓားအရှည် ၁ ချောင်းနဲ့ ဖမ်းဆီးရေးအဖွဲ့ကို လိုက်လံခုတ်ထစ်တာကြောင့် ရှောင်တိမ်းကြပြီး ဖိုးနီရဲ့ အနောက် ၁၀ ပေခန့်အကွာမှာရှိတဲ့ ပြည်သူ့စစ်တပ်စိတ်မှူး ဦးဝင်းရွှေမှ ၎င်းကို ထုတ်ပေးထားတဲ့ ကျေးရွာပိုင် တစ်လုံးထိုး ပြောင်းချောသေနတ်နဲ့ တချက်ပစ်ခတ်ရာ ဖိုးနီရဲ့ နောက်ကျော ယာဘက်လက်ပြင်ကို ထိမှန်ခဲ့ပါ တယ်။

ဖမ်းဆီးမိရာမှာ ၎င်းရဲ့ခါးပတ်မှာ ပတ်ထားတဲ့ အနက်ရောင် နိုင်လွန်ခါးပတ်အိတ်အတွင်းမှ ဆပ်ပြာခွက်ထဲမှာ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ /ဝါရောင်အမှုန့် အလေးချိန် ၁၀ ဂရမ်ခန့်ပါ ၁ ခွက်၊ အဖြူရောင်ကော်ဘူးထဲမှ ၀ ဒသမ ၃ ဂရမ်ခန့်စီပါ ၆ ဘူးတို့ကို ရှာဖွေသိမ်းဆည်းမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိတဲ့ ဖိုးနီ (၄၀-နှစ်၊(ဘ)ဦးသန်းဖေ) မြိုင်သာယာကျေးရွာ နေသူအား မိုးညှင်းမြို့မရဲစခန်းက မယ(ပ) ၂၂/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ) အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကျော်(အင်းတော်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013