DVB Logo
Home
မြန်မာသတင်း
အငှားယာဉ်နှင့်ခရီးသည်များကို ဓားထောက်လုသည့်ဂိုဏ်းကို ဖမ်းမိ
DVB
·
February 9, 2017
အငှားယာဉ်နှင့်ခရီးသည်များကို ဓားထောက်လုသည့်ဂိုဏ်းကို ဖမ်းမိ
1 / 2
Donate to DVB

ရန်ကုန်မှာ အငှားယာဉ်နဲ့ ခရီးသည်တွေကို ဓားထောက်လုတဲ့ဂိုဏ်းကို ဖမ်းမိထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ငရဲ(ခ)ရဲမင်းအောင်၊ ဂန်ဘား(ခ)သီဟထွဋ်၊ ငဖြိုး(ခ)ဖြိုးသက်ပိုင်ဦး(ခ)ထွန်းမင်းလတ်၊ ပစ်ကြီး(စုံစမ်းဆဲ)နှင့် ဘိုဘို(ခ)ပိုင်စိုးထက်တို့ ၅ ဦးအဖွဲ့ဟာ အငှားယာဉ်တစီးနဲ့ သူတို့ကားကို ငှားစီးတဲ့ခရီးသည်တွေကို ဓားထောက်လုခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တွေမှာ လှည့်လည်သွားလာပြီး သူတို့ မော်တော်ယာဉ်နဲ့  လိုက်ပါစီးနင်းလာကြတဲ့ ခရီးသည်များထံမှ CAM-21 Huawei ဖုန်း ၁ လုံး ၊ T-800-Teem ဖုန်း ၁ လုံး ၊ Huawei G-610 ဖုန်း ၁ လုံး၊ Huawei G 730 ဖုန်း ၁ လုံး၊ Huawei G 629 ဖုန်း ၁ လုံးနဲ့ အမျိုးအစား မမှတ်မိဖုန်း ၁ လုံး၊ ရွှေလက်စွပ်မောင်းကွင် ၂ ကွင်းတို့အား အသီးသီးလုယက်ယူဆောင်ခဲ့ ကြတယ်လို့ တိုင်းရဲသတင်းမှာ ဖော်ပြပါတယ်။

16640902_1067329443396322_685060841157362323_n၂၀၁၆ ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွေမှာ လုယက်ခဲ့ကြတာဖြစ်ပြီး ဖမ်းမိထားသူတွေကို မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၁၂၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013