DVB Logo
Home
မြန်မာသတင်း
ဆီဘောက်ဆာကား ၁ စီး မူဆယ် ၁၀၅ မိုင်တွင် တိမ်းမှောက်
DVB
·
February 8, 2017
ဆီဘောက်ဆာကား ၁ စီး မူဆယ် ၁၀၅ မိုင်တွင် တိမ်းမှောက်
1 / 4
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ၁၀၅ မိုင်စခန်း အောက်တုံခမ်းကွေ့ရွာနားမှာ ဒီကနေ့မနက်က ဆီတင်ကားတစ်စီး တိမ်းမှောက်သွားပြီး ဆီတွေမြောက်များစွာ ဖိတ်စင်ကျသွားပါတယ်။
အာရှအဲန်နဂျီကုမ္ပဏီပိုင် ဆီတင်ယာဉ်တစ်စီးဟာ မန္တလေးမှ မူဆယ်သို့ ခရီးထွက်ခွါစဉ် မနက် ၁၁ နာရီ ခွဲ အချိန်မှာ ဘရိတ်ပေါက်ပြီး တိမ်းမှောက်သွားတာလို့ မူဆယ်ခရိုင်မော်တော်ယာဉ်ထိန်း သိမ်းရေး ဌာန တာဝန်ကျ ဒုရဲအုပ် ဇော်မျိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဖြစ်စဉ်က ဘရိတ်ပေါက်သွားတာပါ။ ဘရိတ်ပေါက်သွားတော့ ဘာမှလုပ်လို့မရတော့ဘူး အရှိန်နဲ့ ဒရဟောဆင်းသွားတာ ကုန်းဆင်းမှာ၊ ကားပေါ်မှာ ဒရိုက်ဘာနဲ့ စပယ်ယာ ၂ ယောက်ဘဲပါတယ်။ ထိ ခိုက် ဒဏ်ရာရမှု မရှိဘူး။ ဆီတွေတော့ ဖိတ်ကုန်တယ်၊ တ၀က်လောက်တော့ ပြန်ရတယ်။ ဆုံးရှုံးမှု တန်ဘိုးတော့ မသိရသေးပါဘူး။”

မှောက်သွားတဲ့ယာဉ်ကို မနက်ဖြန် ကရိန်းတွေရောက်လာမှ ဆွဲတင်နိုင်မှာဖြစ်ပြီး ယာဉ်မောင်းသမား ကောင်းထက်ကို ခေါ် ကောင်းမြတ်သူ (အသက် ၂၁ နှစ်)ကို ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၇၉ နဲ့ အမှုဖွင့်ထားတယ်လို့ ဒုရဲအုပ်က ပြောသွားပါတယ်။

ယာဉ်တိမ်းမှောက်တာကို ခရီးသွားရင်းတွေ့မြင်ခဲ့သူ ကိုဇေယျာထွန်းကတော့ အဲဒီကားဟာ နောက်ကားကျော်တက်တာကို တိမ်းရှောင်ရင်း အရှိန်များပြီး မထိန်းနိုင်ဘဲ မှောက်ကျသွားကြောင်း၊ အောက်တုံ ခမ်းရွာက အိမ်ဝင်းတစ်ခုထဲကျသွားပြီး အုတ်ခြံစည်းရိုးပျက်စီးသွားကြောင်း၊ ဆီတွေက မြောင်းထဲကျလာတော့ ရွာသားတွေက ပေပါတွေ၊ ပုန်းတွေ ရှိသမျှအိုးခွက်တွေနဲ့ ခပ်ကူကြကြောင်း၊ နေအိမ်ကတော့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ပြောသွားပါတယ်။

ဓာတ်ပုံ- Zayar Tun

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013