DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဟောင်းများအတွက် ရန်ကုန်တွင် အဆင့်မြင့်အိမ်ယာထပ်မံဖွင့်လှစ်
DVB
·
February 8, 2017
စစ်မှုထမ်းဟောင်းများအတွက် ရန်ကုန်တွင် အဆင့်မြင့်အိမ်ယာထပ်မံဖွင့်လှစ်
Donate to DVB

 

မြန်မာတပ်မတော်စစ်မှုထမ်းဟောင်းတွေအတွက် တိုက်ခန်းပေါင်း ၈၀ကျော်ပါတဲ့ အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာ (ရန်ကုန်)ကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖော်ဖော်ဝါရီ ၆ ရက်မှာ အခမ်းအနားနဲ့လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ရန်ကုန်မှာ ပထမအကြိမ်အဖြစ် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ တိုက်ခန်း ၁၃၈ ခန်းကို နေရာချထားပေးခဲ့ပြီး ခုအခန်းပေါင်း ၈၅ခန်းကို ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံတော်နှင့် တပ်မတော်အတွက် တာဝန်ကျေပွန် ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေအပေါ် တပ်မတော်က လက်တွေ့ကျကျ ထောက်ပံ့စောင့်ရှောက်တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

“တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ဘ၀လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ချိန်တွင်လည်း တပ်မတော်သားများအနေဖြင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရှင်သန်နိုင်စေရန် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားရေး၊ ၀တ်ရေး၊ နေထိုင်ရေး၊ သွားလာရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအရပ်ရပ်ကို တိုးတက်သည်ထက် တိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့အပြင် လက်ရှိတာဝန်ထမ်းဆောင်ရာတွင် နောက်ဆံမတင်းစေရန်၊ တပ်မတော်က အငြိမ်းစားယူချိန်၌ ဘ၀ အာမခံချက်ရှိစွာနှင့် ရပ်တည်နေထိုင်နိုင်စေရန် စစ်မှုထမ်းဟောင်းအိမ်ရာများ၊ စစ်မှုထမ်းဟောင်း ဘိုးဘွားရိပ်သာများ ဆောက်လုပ်ပေးခြင်း၊ စစ်မှုထမ်းဟောင်းအိမ်ရာများတွင် နေထိုင်ကြသည့် မိသားစုဝင်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးဆောင်ရွက်ပေးခြင်း တို့ကိုပါ ထည့်သွင်းစဉ်းစား လုပ်ဆောင်ပေးလျက်ရှိကြောင်း”

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ လားရှိုးနဲ့ ဟုမ္မလင်းမှာ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ တိုက်ခန်း ၅၄၆ ခန်းကို တည်ဆောက်ပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ရန်ကုန်၊ မကွေး၊ မြိတ်၊ ဖာပွန်နှင့် ခိုလမ်မှာ အဆင့်မြင့်အိမ်ရာနဲ့ တန်ဖိုးသင့်အိမ်ရာတွေ ဆောက်ဖို့ရှိသလို  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း  ပထမဦးစားပေး အိမ်ရာ ၃၀ လုံးနဲ့ ဒုတိယအဆင့် ၃၀ လုံး ဆက်ဆောက်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဟောင်းတွေနဲ့ မိသားစုဝင်တွေအတွက် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်)ကို ၂၀၁၆  သြဂုတ်လမှာ  ဖွင့်လှစ်ခဲ့ပြီး ဘိုးဘွားရိပ်သာ (ရန်ကုန်)ကိုလည်း ဆက်လက် ဆောက်လုပ်ပေးဖို့ ရှိနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013