DVB Logo
Home
Lead Story
မြန်မာလူငယ် ၂ ဦးအား ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသည့် ထိုင်းလူငယ်ဂိုဏ်းဖမ်းမိ (ရုပ်သံ)
DVB
·
February 8, 2017
မြန်မာလူငယ် ၂ ဦးအား ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသည့် ထိုင်းလူငယ်ဂိုဏ်းဖမ်းမိ (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင်းမှာ ပြီးခဲ့တဲ့ သောကြာနေ့ညက မြန်မာအလုပ်သမားလူငယ် ၂ ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားတဲ့ ထိုင်းဆိုးသွမ်းလူငယ်ဂိုဏ်းကို ဖမ်းဆီးရမိပြီလို့ ချနယ် ၇ ထိုင်းတီဗွီ သတင်းမှာ ဖော်ပြပါတယ်။

ချင်းမိုင်မြို့ ချန်းခလန်ရပ်ကွက် ကျလွန်းပရထစ်လမ်းပေါ်မှာ သောကြာနေ့ညက စိုင်းအိုက် နဲ့ စိုင်းလိန် အမည်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားလူငယ် ၂ ဦးဟာ ဆိုင်ကယ်စီးလာစဉ် နောက်က လူငယ်တစ်စု လိုက်လာပြီး သူတို့ဆိုင်ကယ်ကို လဲကျသွားအောင် ကန်ခဲ့ကြောင်း၊ ဆိုင်ကယ်လဲတော့ သူတို့ ၂ ယောက်လုံးပါလဲကျသွားပြီး ပြန်ထဖို့ လုပ်နေတုန်း နောက်ထပ် ဆိုင်ကယ်စီးပြီး လိုက်လာတဲ့ လူငယ် ၂ ယောက်က သစ်သားတုတ်နဲ့ ရိုက်တဲ့အတွက် ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ပြီး နီးရာရဲစခန်းကို သွားေ ရာက်တိုင်ကြားခဲ့တယ်လို့ အလုခံရသူ လူငယ်က သတင်းထောက်ကို ပြောပါတယ်။

ရဲတပ်ဖွဲ့မှ အခင်းဖြစ်တဲ့နေရာအနီးရှိ စီစီကင်မရာတွေ အကူအညီနဲ့ ဆိုးသွမ်းလူငယ်တို့ရဲ့ ဆိုင်ကယ်နံ ပတ်ရခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင်တွေ စုံစမ်းစစ်ဆေးရာမှာ ၂၄ နာရီအတွင်း ချင်းမိုင်ခရိုင် ဆာရဖီးမြို့နယ်နေ အသက် ၁၉ နှစ်ရွယ် နိုင်းဝေါလဖွန်းဆိုသူ ဆိုးသွမ်းလူငယ်ခေါင်းဆောင်ကို လုရာပါ သက်သေ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၅ ခရိုင်ရဲစခန်း ဒုရဲမှူးကြီး ဖုန်းတေဇ ဖရူမ်မိ ကျစ်က သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေ့က လူငယ် ၂ ဦးကိုင်ထားတဲ့ တယ်လီဖုံးအသစ်နဲ့ MSX အမျိုးအစား ဆိုင်ကယ် အေ ကာင်းစားကို လိုချင်တပ်မက်မိကြောင်း၊ လူငယ် ၂ ဦးမှာ ထိုင်းမဟုတ်ဘဲ မြန်မာဖြစ်ဟန်ရှိပြီး တိုင်တောရဲမယ်မထင်လို့ အနောက်ကနေ လိုက်ခဲ့ကြောင်း၊ လူရှင်းတဲ့နေရာရောက်တော့ ဆိုင်ကယ်ကို လဲအောင်လုပ်ပြီး သူတို့ကို ရိုက်ခဲ့တယ်လို့ နိုင်းဝေါလဖွန်းက ၀န်ခံခဲ့ပါတယ်။
အဲဒီနောက် အဲဒီနေ့က ကြံရာပါကျူးလွန်ခဲ့သူ နောက်ထပ် အသက် ၁၇ နှစ်ရွယ် လူငယ် ၂ ဦး၊ အသက် ၁၄ နှစ်ရွယ် မိန်းကလေး ၁ ဦး စုစုပေါင်း လူငယ် ၄ ဦးကို ဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်က သူတို့ကျူးလွန်ခဲ့ပုံတွေကို ပြန်လာပြီး သရုပ်ပြလုပ်ဆောင်စေခဲ့ပါတယ်။

လုယက်မှုကျူးလွန်သူ ထိုင်းလူငယ် ၄ ဦးကို ပူးပေါင်းကြံစည်လုယက်မှု၊ တပါးသူထိခိုက်နာကျင်စေ အောင် ပြုမူမှုတွေနဲ့ အရေးယူပြီး လူငယ်ပြုပြင်ရေးဂေဟာ ပို့ဆောင်မှာဖြစ်ကြောင်း၊ ကမ္ဘာလှည့် ခရီးသည်တွေ အလာများတဲ့ ချင်းမိုင်မှာ အခုလိုလုယက်မှုတွေကျူးလွန်တာဟာ နယ်မြေဒေသရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် နောက်နောင်အလားတူ ပြစ်မှုတွေမရှိရအောင် လုံခြုံရေးတွေ ကြပ်မတ်သွား မယ်လို့ အမှတ် ၅ ခရိုင်ရဲစခန်း ဒုရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013