DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအတွက် စစ်တမ်း ကောက်ယူ
DVB
·
February 8, 2017
ကြားဖြတ်ရွေးကောက်ပွဲအတွက် စစ်တမ်း ကောက်ယူ
Donate to DVB

 

ကြားဖြတ်ရွေးကောက်ပွဲ လုပ်မှာကို သိ မသိ နဲ့ မဲဆန္ဒရှင်စာရင်းကပ်ထားတာကို လာကြည်သူ ရှိ မရှိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တခုက စစ်တမ်းကောက်ယူနေပြီး မကြာခင် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

PACE အဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် ၂၂ မြို့နယ်စလုံး စစ်တမ်းကောက်ယူခဲ့တာလို့ ပြောပါတယ်။

“ပထမတချက်ကတော့ ကြားဖြတ်ရွေးကောက်ပွဲလုပ်မှာကို သိသလား မသိသလား၊ နောက်တချက်က ဖေဖော်ဝါရီ ၁ ရက်မှာ မဲဆန္ဒရှင်စာရင်း ကပ်မှာကို သူတို့ သိသလား၊ နောက်တခုကတော့ မဲဆန္ဒရှင် စာရင်းမှာ သူတို့ နာမည် ပါတယ်လို့ သူတို့ ထင်သလား၊ မပါဘူးလို့ ထင်သလား၊ အဲ့လိုဟာမျိုးလေးတွေ ကျနော်တို့ ကောက်တာပါ။”
ရရှိထားတဲ့ အချက်အလက်တွေကိုစုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်နေတယ်။ မကြာခင် ထုတ်ပြန်ပေးမယ်လို့လည်း ပြောပါတယ်။


ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ ကြားဖြတ်စစ်တမ်းအတွက် လူ ၆၀၀ လောက်သုံးပြီး စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံး နေတာကို အဖွဲ့က စောင့်ကြည့်နေပြီး စစ်တမ်းထုတ်ပြန်သွားဖို့လည်း ရှိပါတယ်။

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၂ မြို့နယ်က မဲရုံပေါင်း ၂၀၀၀ တိတိမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၉၀ ကျော် ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။

PACE အဖွဲဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း လူ ၂၀၀၀ နဲ့ စောင့်ကြည့်ခဲ့ပြီး စစ်တမ်းများ ထုတ်ပြန်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013