DVB Logo
Home
မြန်မာသတင်း
တိုကျိုတွင် မြန်မာ ၁ ဦး အလစ်သုတ်မှု၊ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုတို့ဖြင့် အဖမ်းခံရ
DVB
·
February 8, 2017
တိုကျိုတွင် မြန်မာ ၁ ဦး အလစ်သုတ်မှု၊ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုတို့ဖြင့် အဖမ်းခံရ
Donate to DVB

 

ဂျပန်နိုင်ငံ တိုကျိုမြို့ အိတဘရှိ အပိုင်Takashimadaira ရှိ Tokyu စူပါမားကတ်မှ Milk Tea လဘက်ခြောက်ထုတ် ၈ ထုတ်ကို ကျသင့်ငွေမပေးဆောင်ပဲ အပြင်သို့ ထုတ်ယူသွားမှု၊ ကိုယ်ထိ လက်ရောက်ကျူးလွန်မှုတို့နဲ့ အသက် ၄၃ နှစ်အရွယ် ဦးအောင်သူတင် ဆိုသူကို Takashimadaira ရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးထားကြောင်း ဂျပန်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဇန်န၀ါရီလ ၂၃ ရက် နေ့လယ် ၁ နာရီလောက်က မြန်မာလူရွယ်က Tokyu ကုန်တိုက်ကနေ မြန်မာကျပ်ငွေ ၄ သောင်း(ယန်း၄၁၂၈)ခန့် တန်ဖိုးရှိ Milk Tea လဘက်ခြောက်ထုတ် ၈ ထုတ်ကို ကျသင့်ငွေ မပေးဆောင်ဘဲ အပြင်ထွက်သွားခဲ့ရာ ကုန်တိုက်အလစ်သုတ်စောင့်ကြည့်နေသူ တာဝန်ခံ က ကုန်တိုက်အပြင် မီတာ ၇၀ ကျော်မှာ ပစ္စည်းနဲ့အတူ စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

မြန်မာလူရွယ်က စစ်ဆေးခံဖို့ ငြင်းဆန်ထွက်ပြေးရင်း ကုန်တိုက်တာဝန်ခံမျက်နှာကို ကန်ကျောက်ခဲ့တဲ့ အတွက် ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ပါ Takashimadaira ရဲစခန်းက အမှုဖွင့်ဖမ်းဆီးထား ကြောင်း ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံရှိ ကုန်တိုက်တွေမှာ အလစ်သုတ်မှုတွေ မြင့်တက်လာတဲ့အတွက် အလစ်သုတ် စောင့်ကြည်သူ တာဝန်ခံတွေကို ခန့်အပ်ကာဖမ်းယူမှုတွေရှိလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013