DVB Logo
Home
မြန်မာသတင်း
မွန်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနား တားမြစ်ပိတ်ပင်ခံရ
DVB
·
February 8, 2017
မွန်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနား တားမြစ်ပိတ်ပင်ခံရ
Donate to DVB

မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းရွာမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နှစ် ၇၀ ပြည့် မွန်အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေးပြပွဲတွေမလုပ်ဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ပိတ်ပင်တားမြစ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်အတွင်းရေးမှူး နိုင်ထောရော်က ပြောပါတယ်။

မွန်အမျိုးသားနေ့ အခမ်းအနားတွေမှာ စစ်ရေးပြအခမ်းအနားကိုနှစ်စဉ် ကျင်းပလာခဲ့တာဖြစ်ပြီး ဒီလိုတားမြစ်မှုတွေ ရှိနေပေမယ့် အစဉ်အလာအတိုင်း ဆက်လက်ကျင်းပသွားမယ်လို့ နိုင်ထောရော်က ပြောပါတယ်။

“ဒီဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းမှာတော့ ကန့်ကွက်စာထွက်ထားတာတော့ တွေ့တယ်။ ကျနော်တို့ မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်က စပြီးတော့ ပြုလုပ်တဲ့အချိန်ကနေ ယနေ့အချိန်အထိက စစ်ရေးပြအခမ်းအနား နှစ်တိုင်းပါတယ်။ ဒီနှစ်မှ သူတို့က တားတယ်ပေါ့နော်။ ဒါက ကျနော်တို့ မွန်ပြည်သစ်ပါတီရဲ့ အစဉ်အလာတခုလည်းဖြစ်နေတဲ့အတွက်ကြောင့် ဒီလိုမျိုးတားတာတော့ မကောင်းဘူးပေါ့နော်။ ကျနော်တို့အခု ငြိမ်းချမ်းရေးကာလကို လျောက်လှမ်းနေတဲ့အချိန်မှာ ကျနော်တို့ လုပ်ရိုးလုပ်စဉ်အတိုင်းသာ ဆက်လုပ်သွားမယ်။ သူတို့အနေနဲ့ ဘယ်လိုမြင်လို့ ဘယ်လိုတွေးခေါ်မှုမျိုး နဲ့ တားတာတော့ ကျနော်တို့ မသိဘူး။ ကျနော်တို့ကျတော့ ကျနော်တို့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ဆက်လုပ်သွားမှာပါ။”

မွန်လူမျိုးတို့ ပထမဟံသာဝတီမြို့ပြ နိုင်ငံတော်ကို စတင် တည်ထောင်ခဲ့တဲ့ တပို့တွဲလပြည့်ကျော် ၁ ရက်ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး ၁၉၄၇ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တပို့တွဲလပြည်ကျော် ၁ ရက်ဟာ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့နဲလည်း တထပ်ထဲ ကျနေတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ဂျပန်ရေတွင်းရွာက စစ်ရေးပြ အခမ်းအနားကိုသာ တားမြစ်တာဖြစ်ပြီး မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်နဲ့တခြားနေရာမှာတော့ တားမြစ်တာမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013