DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ထပ်မံမြင့်တက်
DVB
·
February 8, 2017
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ထပ်မံမြင့်တက်
Donate to DVB

ကမ္ဘာ့ရွှေဈေးနှုန်းတွေက ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၂၃၅ ဒေါ်လာ အထိ ပေါက်ဈေးရှိနေပြီး ၁ အောင်စကို ဒေါ်လာ ၃၀ ကျော် မြင့်တက်လာပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ မြန်မာငွေနဲ့ အမေရိကန် ဒေါ်လာလဲလှယ်တဲ့ ဈေးနှုန်းတွေမှာလည်း မြန်မာငွေ တန်ဖိုးတွေက ကျဆင်းနေပါတယ်။ ဒီလို ကမ္ဘာ့ရွှေဈေးနဲ့ဒေါ်လာနှုန်းတွေ မြင့်တက်လာလို့ ပြည်တွင်းရွှေဈေးကလည်း ၁ ကျပ်သားကို ကျပ် ၁ သောင်းကျော် ထပ်မံမြင့်တက်လာပါတယ်။

ရွှေဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ၁၅ပဲရည်နဲ့ ၁၆ပဲရည် ရွှေဈေး ကွာဟမှုက ၁ ကျပ်သားကို ငွေကျပ် ၇ သောင်းကျော်အထိ ကွာဟလာပါတယ်။

“ကမ္ဘာ့ဈေးကွက်ပေါ်မှာ မူတည်တယ်။ ကမ္ဘာ့ဈေးကလည်း လုံးဝ မတည်မငြိမ် ဖြစ်နေတယ်လေ။ ကျမလိုလို ဖြစ်လိုက်၊ ပြန်တက်သွားလိုက်နဲ့ တော်တော်မတည်မငြိမ် ဖြစ်နေတယ်။ အဓိကကတော့ အမေရိကန်ပေါ့နော်။ သူ့အပေါ် မူတည်နေတာပေါ့နော်။ ဒီရက်ပိုင်းမှာ ၁ သောင်းကျော်ကျော် တက်သွားတယ်။ ဝယ်တဲ့လူက နည်းနည်းရပ်သွားတယ်။ ခဏ စောင့်ကြည့်ကြတာပေါ့နော်။ ရုတ်တရက် ပြန်များကျမလားလို့။ ၁၅ ပဲနဲ့ ၁၆ ပဲရည်ဈေးကတော့ ရွှေဈေးမြင့်လေ ကွာဟမှုနှုန်းက များလေပေါ့။ ဘာကြောင့်လဲဆိုတော့ ရွှေချိန်ကျရင် တပဲရဲ့ဈေးနှုန်းက တဖြည်းဖြည်း များလာတာပေါ့” ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောပါတယ်။

ရွှေဈေးက ဆက်လက် မြင့်တက်လာလို့ ရွှေဝယ်ယူတဲ့သူတချို့က အရောင်းအဝယ်တွေ ရပ်နားလိုက်တာတွေ ရှိနေပေမယ့် အရောင်းအဝယ် ဈေးကွက်ကတော့ ပုံမှန်အနေအထား ရှိနေတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

“လက်ရှိရွှေဈေးတက်ချိန်တော့ ပုံမှန်တော့ သွားနေတာပေါ့နော်။ ကမ္ဘာ့ရွှေဈေး တက်တယ်၊ ပြည်တွင်းရွှေဈေး နည်းနည်းတက်တယ်။ တက်တာက နိုင်ငံတကာရွှေဈေး တက်လို့ သူလည်း နည်းနည်းတက်တာ။ ရောင်းကောင်းလို့ တက်တာ မဟုတ်ဘူး။ ပုံမှန်အနေအထားတော့ အရောင်းအဝယ် လုပ်နေပါတယ်” လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ ၁၆ပဲရည် အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၈၈၈၀၀၀ ပေါက်ဈေးရှိနေပြီး ၁၅ပဲရည်ရွှေပေါက်ဈေးကတော့ ၁ ကျပ်သားကို ကျပ် ၈၁၅၀၀၀ ပေါက်ဈေးရှိနေပါတယ်။
သတင်း - ကျော်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013