DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးတဦး ပဲခူး-နေပြည်တော် တကိုယ်တော် ခရီးရှည်လမ်းလျောက်ဆန္ဒပြ
DVB
·
February 7, 2017
Donate to DVB

တရားရုံးတွေမှာ မမှန်မကန် တရားစီရင်ဆုံးဖြတ်နေတာတွေကို ဆန့်ကျင်ကန်ကွက်တဲ့အနေနဲ့  ပဲခူးမြို့ခံအမျိုးသမီးတဦးက   ပဲခူးကနေ  စတင်ကာ နေပြည်တော်ထိ တကိုယ်တော် ခရီးရှည်လမ်းလျောက် ဆန္ဒပြနေပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊  ဥသာမြို့သစ် ၂-ရပ်ကွက်၊ တပင်ရွှေထီးလမ်းနေ ဒေါ်သဉ္ဇာမောင်မောင်က တရားရုံးတွေမှာ တရားဥပဒေစိုးမိုးမှု မရှိတာတွေ၊ မမှန်မကန် တရားစီရင်ဆုံးဖြတ်မှုတွေ ရှိနေတယ်ဆိုပြီး မနေ့မနက်က  ပဲခူးမြို့ ခရိုင်တရားရုံးရှေ့မှစတင်ပြီး နေပြည်တော်ထိ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအတိုင်း တကိုယ်တော်လမ်းလျှောက် ဆန္ဒပြနေတာပါ။

ဖြောင့်မတ်မှန်ကန်သော တရားစီရင်မှု ပေါ်ပေါက်ရေး၊ တရားစီရင်မှု ဖြောင့်မတ်မှန်ကန်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနဲ့ပတ်သက်ပြီး တာဝန်ရှိသူအားလုံးက ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးဖြစ်ပေါ်လာစေရန် ဝိုင်းဝန်းစောင့်ကြည့်ထိန်းသိမ်းပေးရေး စတဲ့ ဗီနိုင်းပါစာသားတွေကို ကိုင်ဆောင်ပြီးဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ညကတော့ ပြွန်တန်ဆာမှာ ညအိပ်ပြီး ဒီကနေ့ မနက် ၈ နာရီကစလို့ ဆက်လက် လမ်းလျှောက်ဆန္ဒပြနေပါတယ်။

ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ကျောက်တံခါး စတဲ့ လမ်းတလျှောက်မြို့တွေကို ဖြတ်ပြီး နေပြည်တော်မြို့မဈေးအထိ ချီတက်ဆန္ဒပြသွားဖို့ အစီအစဉ်ရှိနေပါတယ်။

ဆန္ဒပြသူအမျိုးသမီး ရင်ဆိုင်နေရတဲ့ တရားမကြီးအမှုတခုမှာ တဘက်တရားပြိုင်မှ မျက်ကွယ်မှာ သူမ မသိမရှိရဘဲ ချုပ်ဆိုထားတဲ့အတွက် အဆိုပါစာချုပ်ပါလက်မှတ်တွေကို စစ်ဆေးပေးဖို့ ခရိုင်၊ တိုင်း၊ ပြည်ထောင်စုလွှတ်တော်ချုပ်အထိ ဆန္ဒပြသူအမျိုးသမီးက တင်ပြတောင်ခံပေမယ့်လည်း စစ်ဆေး ပေးတာ မရှိတဲ့အတွက် သူမအနေနဲ့ နိုင်ငံသားအခွင့်အရေးဆုံးရှုံးသလို ခံစားရပြီး မြန်မာပြည်ရဲ့ တရားစီရင်ရေးဟာ မျှတခြင်းမရှိဘူးလို့ထင်ကာ အခုလိုဆန္ဒပြရတာလို့လည်း တကိုယ်တော် လမ်းလျှောက် ဆန္ဒပြသူက ပြောပါတယ်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြတာနဲ့ပတ်သက်ပြီး ဖြတ်သန်းသွားလာတဲ့ မြို့တိုင်းကို ၂၄ နာရီ ကြိုတင်ကာခွင့်ပြုမိန့် တင်ကာ ချီတက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက် (ညောင်လေးပင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013