DVB Logo
Home
Lead Story
ရန်ကုန်လေယာဉ်ကွင်း ဧရိယာပြင်ပ အများပြည်နှင့်သက်ဆိုင်သည့်နေရာများတွင် လုံခြုံရေးတိုးမြှင့် (ရုပ်သံ)
DVB
·
February 7, 2017
ရန်ကုန်လေယာဉ်ကွင်း ဧရိယာပြင်ပ အများပြည်နှင့်သက်ဆိုင်သည့်နေရာများတွင် လုံခြုံရေးတိုးမြှင့် (ရုပ်သံ)
Donate to DVB

ဦးကိုနီ လုပ်ကြံခံခဲ့ရတဲ့ နောက်ပိုင်း လေယာဉ်ကွင်း ဧရိယာပြင်ပ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာပါ လုံခြုံရေးတိုးမြှင့်ချထားဖို့ ညွှန်ကြားထားတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးဦးကျော်မျိုးက ပြောပါတယ်။

"အခုလည်း တိုးမြှင့်ထားပါတယ်။ ပြည်ထဲရေးနဲ့ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက် လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ နောက်လေဆိပ်တွေက အခုပုဂ္ဂလိကကို ပေးထားတဲ့အတွက် ဒီပုဂ္ဂလိက အော်ပရေတာတွေနဲ့ အကုန်လုံးညှိနှိုင်းပီးတော့ လုံခြုံရေးတိုးမြင့် ထားပါတယ်။ အခုဖြစ်သွားတဲ့ ကိစ္စမှာက သူက လေဆိပ်အဆောက်အအုံတွင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့က လေဆိပ်လုံခြုံရေးကို တာဝန်ယူတဲ့ အခါကြရင် လေဆိပ် အဆောက်အအုံ အ၀င်ကစပြီးတော့ ဒီလုံခြုံရေးကို ဆောင်ရွက်တယ်။ အခုဖြစ်သွားတဲ့ဟာက အပြင်က public ဧရိယာ ပေါ့လေ အများပြည်သူသွားလာနေတဲ့ နေရာဖြစ်တဲ့အတွက် လုံခြုံရေးကြိုးပေါက်တယ်ဆိုတဲ့ သဘောမျိုးတော့ ပြောလို့မရဘူးပေါ့နော်။ ဘယ်လိုဘဲဖြစ်စေ အခုကတော့ ဒီ public ဧရိယာ လေဆိပ်အပြင် ပြင်ပကားတွေဝင်ထွက်တဲ့နေရာမှာကော ခုနက ပြောသလို လုံခြုံရေးတွေ ချထားဖို့ လမ်းညွှန်ထားပြီးဖြစ်ပါတယ်" ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးမြန်းမှုကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား လာရောက်ဖြေဆိုမှုအပြီးမှာ ဒီဗွီဘီသတင်းဌာနရဲ့ ရန်ကုန်လေဆိပ်မှာ အန်အယ်လ်ဒီပါတီ ဥပဒေပြုရေးအဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရမှုကြောင့် လေဆိပ်လုံခြုံရေး ချထားမှုကို ၀န်ကြီးဌာနအနေနဲ့ ဘယ်လိုဆောင်ရွက်ထားပါသလဲဆိုတဲ့ မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြန်လည် ဖြေကြားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013