DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်ရေး ကရင်အမျိုးသမီးများဆုံးဖြတ်
DVB
·
February 7, 2017
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်ရေး ကရင်အမျိုးသမီးများဆုံးဖြတ်
Donate to DVB

 

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ဒီထက်ပိုမိုပါဝင်ဆွေးနွေးခွင့်ရရှိဖို့နဲ့ နိုင်ငံရေးဆိုင်ရာ အရေးကြီးကဏ္ဍတိုင်းမှာ ကရင်အမျိုးသမီးတွေက ကဏ္ဍအလိုက် ပိုမိုပါဝင်ဆွေးနွေးသွားမယ်လို့ ကရင်အမျိုးသမီး နှီးနှောဖလှယ်ပွဲအပြီး ကရင်အမျိုးသမီးထုက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်မှုကို ဘေးဖယ်ထားတဲ့အတွက် အခုလို ကရင်အမျိုးသမီးတွေ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်လာနိုင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာလို့ နှီးနှောဖလှယ်ပွဲတက်ရောက်ခဲ့တဲ့ နော်အုန်းလှက ပြောပါတယ်။

“အမျိုးသမီးတွေရဲ့ အသံတွေ ပါဝင်မှု လိုအပ်လာပြီလို့ ယူဆတဲ့အတွက် လက်ရှိမှာလည်း ငြိမ်းချမ်းရေး လိုအပ်တာက အမျိုးသမီးတွေ ဒုက္ခသည်စခန်းမှာ အများကြီးရှိသလို နယ်စပ်မှာ စစ်ဒဏ်ခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိတဲ့အခါကျတော့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်မှု လိုအပ်တယ်။ လက်ရှိသွားမယ့် ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲမှာလည်း အမျိုးသမီးအသံ ပါဝင်ဖို့ လိုအပ်တဲ့အတွက် ဒါကို အမျိုးသမီးတွေအနေနဲ့ ထုတ်ပြန်တာ။”

ဒါ့အပြင် ပြည်တွင်းစစ်ကြောင့် ဒုက္ခအခံရဆုံးသူတွေဟာ အမျိုးသမီးတွေဖြစ်တဲ့အတွက် ဒေသအသီးသီးက အခြေအနေ အခက်အခဲတွေက အမျိုးသမီးတွေရဲ့ နစ်နာမှုတွေကို ပိုပြီးပြောပြနိုင်မှာ ဖြစ်သလို ဘယ်လိုအခြေအနေကျမှ ငြိမ်းချမ်းမယ်ဆိုတာ အမျိုးသမီးတွေ ပိုသိတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်မှု လိုအပ်တာလို့လည်း  ပြောပါတယ်။

ဒါ့အပြင် အခြေခံလူထုကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်ကျင်အရေး၊ ဒုက္ခသည်နေရပ် ပြန်လည်ချထားရေးနဲ့ ဘ၀ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာလည်း ကရင်အမျိုးသမီးထုတွေက အားကောင်းစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့လည်း ကတိပြုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“အမျိုးသမီးတွေက သူတို့ ကွန်မြူနတီမှာရှိတဲ့အလုပ်တွေဆိုရင် အောက်ခြေပိုင်းဆိုင်ရာတွေမှာ သူတို့က နားလည်တယ်။ ကွန်မြူနတီမှာ ဘာပြသနာတွေဖြစ်နေလဲ သူတို့က တထောင့်တနေရာမှာ ဖြေရှင်းတဲ့အပိုင်းမှာ ပါဝင်ခဲ့တယ်။ ဒါကြောင့်ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသားတွေကြီးပဲ ပါဝင်တာမျိုး မဟုတ်ဘဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေလည်းပါဝင်ဖို့ အရေးကြီးဆိုတာ မြင်လာတာပေါ့နော်”လို့ နှီးနောဖလှယ်ပွဲ တက်ရောက်ခဲ့တဲ့ နော်ထူးထူးက ပြောပါတယ်။

ဒုတိယအကြိမ်မြောက် ကရင်အမျိုးသမီး နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီ ၂ ရက်ကနေ ၃ရက်ထိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကေအန်ယူနယ်ထိန်းချုပ်နယ်မြေ  လေးဝါးစခန်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီနှီးနှောဖလှယ်ပွဲမှာ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးက အမျိုးသမီးကိုယ်စားလှယ်တွေ  ကရင်ဒေသအသီးသီးက ကရင်အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်တွင်း၊ ပြည်ပနဲ့ နယ်စပ်ဒေသက အမျိုးသမီးနဲ့ လူအခွင့်အရေးလှုပ်ရှားသူ ၁၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။

ပထမအကြိမ် ကရင်အမျိုးသမီး နှီးနှောဖလှယ်ပွဲကို ၂၀၁၂ ခုနှစ်က ကျင်းပခဲ့တာ ဖြစ်ပြီး နယ်စပ်ဒေသက အမျိုးသမီးအဖွဲ့အစည်းတွေသာ ပါဝင်တက်ရောက်နိုင်ခဲ့ပြီး ခုကျင်းပတဲ့ ဒုတိယအကြိမ်မှာတော့ ဒေသစုံက အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013