DVB Logo
Home
မြန်မာသတင်း
ဦးကိုနီ အသတ်ခံရမှုမှာ ပါဝင်ပတ်သက်သူများဟု ယူဆရသူများကို ဖမ်ဆီးထိန်းသိမ်းစစ်ဆေး
DVB
·
February 7, 2017
ဦးကိုနီ အသတ်ခံရမှုမှာ ပါဝင်ပတ်သက်သူများဟု ယူဆရသူများကို ဖမ်ဆီးထိန်းသိမ်းစစ်ဆေး
Donate to DVB

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်းပြီး ဦးကိုနီ အသတ်ခံရမှုမှာ ပါဝင်ပတ်သက်မှု ရှိတယ်လို့ ယူဆရသူတွေကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“ဒီကာလမှာတော့ နောက်ဆက်တွဲ ဆက်စပ်တဲ့ အမှုနဲ့ပတ်သက်တဲ့၊ အကျုံးဝင်တဲ့ ပြောရရင် ဒီအမှုဖြစ်လာအောင်၊ ဒီလိုမျိုး ပြစ်မှုကျူးလွန်သူ ကျူးလွန်အောင် လုပ်ခဲ့တဲ့ နောက်ကွယ်က ပံ့ပိုးကူညီတာရှိမယ်။ ဘေးကနေ တဖက်တလမ်း ပြောတာတွေရှိမှာပေါ့ မျိုးစုံရှိလိမ့်မယ်။ ဒါတွေကို စိစစ်နေတယ်။ တချို့သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း တချို့ ဖမ်းဆီးထိန်းသိမ်းပြီးတော့ စစ်နေတာတွေ ရှိပါတယ်။ အဲဒါတွေတော့ ကျနော်တို့ လောလောဆယ် မထုတ်ပြန်သေးပါဘူး” လို့ ဦးဇော်ဌေးက ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စကို နိုင်ငံတော် အစိုးရအနေနဲ့ အထူး အလေးအနက်ထား ကိုင်တွယ်ဆောင်ရွက်နေပြီး ပြည်သူများ သိသင့်သိထိုက်တာတွေကို သတင်းထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ခေတ္တ ကွယ်ဝှက်ထားသင့်တာတွေကို ထိန်းသိမ်းထားပြီး အမှုမှန်ပေါ်ပေါက်ချိန်တွင် အားလုံး သတင်းထုတ်ပြန်ပြီး ပြည်သူများသိအောင် ချပြသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ဘာကြောင့်မထုတ်ပြန်လဲဆိုတော့ ကျနော်တို့ ဒီသတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ အကုန်လုံးကို ကျနော်တို့ ဘယ်သူ့ဖမ်းထားတယ်၊ ဘယ်သူဖြစ်တယ်၊ ဘယ်သူ့ကို စစ်တယ်၊ ဘာတွေရတယ်၊ ဘာတွေပြောတယ်ဆိုတာကို ကျနော်တို့က ထုတ်ပြန်ပေးလိုက်ရင် အဲမှာရှိတဲ့ ဆက်စပ်နေတဲ့ သူတို့နောက်ကွယ်မှာ ဆက်စပ်နေတဲ့ ကွင်းဆက်တွေ အကုန်လုံးက ပျောက်သွားမယ်။ ပျောက်သွားနိုင်တယ်၊ ပစ္စည်းကျန်တဲ့ဟာတွေလည်း ပျောက်သွားနိုင်တယ်။ အဲတော့ အခုလက်ရှိ စစ်ကြောနေဆဲ ရရှိတဲ့အချက်အလက်ပေါ်မှာ ထပ်ပြီးတော့ စစ်နေတယ်၊ ထပ်ပြီးတော့ လိုက်နေတယ်။ ထပ်ပြီးတော့လည်း စစ်မေးနေတာတွေ ရှိပါတယ်။ သို့သော် ဒီအချိန်မှာ အားလုံးခြုံတဲ့ ဒီဟာကြီးတခုလုံး ဘယ်ကနေစတယ်၊ ဖြစ်ပေါ်လာတယ်၊ ဘာကြောင့် ဖြစ်တယ်ဆိုတာ ပြောဖို့ရာ တော်တော်လေး စောပါသေးတယ်။ စောတဲ့အတွက် သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး” လို့ ဦးဇော်ဌေးက ရှင်းလင်းပြောဆိုပါတယ်။

ဦးကိုနီဟာ ဇန်န၀ါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတာပါ။

အောင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013