DVB Logo
Home
မြန်မာသတင်း
ကရင်ဒေသနှင့် အထူးစီးပွားရေးဇုန် ခြိမ်းခြောက်မှု
DVB
·
February 6, 2017
ကရင်ဒေသနှင့် အထူးစီးပွားရေးဇုန် ခြိမ်းခြောက်မှု
Donate to DVB

 

ကရင်ဒေသနဲ့ အထူးစီးပွားရေးဇုန် (SEZ) အရေးနဲ့စပ်လျဉ်းပြီး ဘန်ကောက်ပို့စ်သတင်းစာက ထိုင်းနိုင်ငံသုတေသန ရန်ပုံငွေအဖွဲ့ရဲ့ သုတေသီ စူဝီချန်းဖက်သနာဖရိုင်ဝန်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖေဖော်ဝါရီလ ၅ ရက်နေ့သတင်းမှာဖော်ပြပါတယ်။

တွေ့ဆုံမေးမြန်းခန်းမှာ ထိုင်းနိုင်ငံသုတေသန ရန်ပုံငွေအဖွဲ့မှသုတေသီက “ကျနော်တို့တွေရဲ့ ကိုယ်ပိုင်လက္ခဏာအမှတ်အသားတွေကို အသိအမှတ်ပြုလေးစားတဲ့အနေနဲ့ ပြောရရင် မဲဆောက်မြို့ ဆိုတာ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့ မြို့တမြို့ပါ။ တက်ခ်ခရိုင်မှာရှိတဲ့ နယ်စပ်ဒေသ ၅ ခုမှာ ကရင်လူမျိုးစုတွေက အများဆုံးနေထိုင်ကြတာပါ။ အထူးစီးပွားရေးဇုန်စီမံကိန်း (SEZ) ဝင်လာတဲ့အခါ ကျနော်တို့တွေက စီးပွားရေးလှုပ်ရှားမှုတွေကို ပြန်လည်ခုခံနိုင်မှာ မဟုတ်ပါဘူး။ SEZ မလာခင်က ကုန်သွယ်ရေးအရ အဲဒီဒေသမှာ မတူထူးခြားတဲ့ စီးပွားရေး အမှတ်လက္ခဏာတွေ ရှိခဲ့ပါတယ်။ တခါတရံမှာ ကျနော်တို့တွေက ဒီဘက်ကထုတ်တဲ့ ကုန်ပစ္စည်းတွေကို မြန်မာဘက်ခြမ်းကို ရောင်းပါတယ်။ အခြားဘက်က အလုပ်သမားတွေက ထိုင်းနိုင်ငံဘက်အခြမ်းမှာ လာရောက် အလုပ်လုပ်ကိုင်ကြပါတယ်။ ဖြတ်သန်းသယ်ယူပို့ဆောင်မှု ဆိုတာရှိလို့ အရင်အချိန်တွေက ဒီနေရာမှာက ဖလှယ်တဲ့ ကုန်သွယ်ရေး ရှိခဲ့တယ်” ဆိုပြီး ရှင်းပြခဲ့ပါတယ်။

“ဒါပေမဲ့လည်း SEZ က သဘာဝ ရေမြေတောတောင် ဒါမှမဟုတ် ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ စီးပွားရေးတွေအတွက် အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။ ဗဟိုအစိုးရရဲ့ စီမံကိန်းတွေထက် ဒေသခံလူထုတွေအတွက် ဒီဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းက သူတို့ရဲ ယဉ်ကျေးမှုတွေ၊ ဒေသခံလူထုနဲ့ သူတို့ရဲ့ မတူကွဲပြားနေတဲ့ လက္ခဏာတွေကို ထည့်သွင်းစဉ်းစားမှု မလုပ်ဆောင်မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပတ်ဝန်းကျင်နဲ့ သက်ရှိသတ္တဝါတွေ စပ်ဆက်မှုအခြေအနေတွေကို ဖျက်ဆီးခံရမှာကို ကျနော်တို့က စိုးရိမ်နေကြတာ” လို့ သုတေသီက ရှင်းပြပါတယ်။

“ဒါပေမယ့် SEZ က ဒေသခံလူထုနဲ့ သူတို့ရဲ့ ယဉ်ကျေးမှု သူတို့ရဲ့နေထိုင်မှု ဘဝပုံစံတွေကို ဂရုထားမယ် ဆိုရင်တော့ ဒေသခံတွေနဲ့ သူတို့ရဲ့ယဉ်ကျေးမှု၊ ဒေသရဲ့ ပတ်ဝန်းကျင်နဲ့ သက်ရှိသတ္တဝါ စပ်ဆက်မှုစနစ်တွေအတွက် နေရာတခုတော့ ဖြည့်ဆည်းပေးနိုင်မှာပါ။ SEZ က ဒေသခံတွေအတွက် အထူးဖြစ်တဲ့ တခုခု ဖြည့်ကို ဖြည့်ဆည်းပေးရပါမယ်။ အဲဒီလိုမှ မဟုတ်ရင် ဒေသခံတွေအတွက်တော့ ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေပြီး SEZ က အပြင်က စီးပွားရေးသမားတွေအတွက်ပဲ အခွင့်ထူးတွေပေးသလို ဖြစ်သွားပါမယ်။

အကယ်၍ SEZ  ကပေးထားတဲ့ အခွင့်အရေးတွေကို ကြည့်လိုက်ရင်လည်း အပြင်ကလာမယ့် စီးပွားရေးသမားတွေအတွက် အခွန်နဲ့ မြေယာသုံးစွဲမှုဆိုတဲ့ အကျိုးအမြတ်တွေကိုပဲ ရရှိစေတယ်။ မဲဆောက်၊ ဖုတ်ဖရနဲ့ မဲရမတ်စတဲ့ SEZ ဒေသထဲမှာပါတဲ့ ဒေသခံလူထုအတွက် အခွင့်အလမ်းတွေပေးဖို့ ကျနော်ကတော့ တောင်းဆိုချင်တယ်။ သူတို့အများစုမှာဆိုရင် သူတို့မြေတွေကို သုံးစွဲခွင့်ရဖို့ စာရွက်စာတမ်းတောင် မရှိဘူး။ အဲဒီတော့ SEZ ရဲ့ အရေးကြီးဆုံးလုပ်ရမှာက ဒေသခံလူတွေရဲ့ အခွင့်အရေးတွေကို သေချာအောင် လုပ်ပေးဖို့ ဖြည့်ဆည်းပေးဖို့ပါ။ အပြင်က စီးပွားရေးသမားတွေကို အခွင့်အရေးတွေ ပေးဖို့က အရေးကြီးသလို ဒေသခံတွေကို အခွင့်အရေးတွေ ပြန်ပေးဖို့ကလည်း အရေးကြီးပါတယ်။ အကယ်၍ SEZ ရောက်လာတဲ့အချိန်မှာ ဒေသခံတွေက သူတို့ရဲ့မြေပေါ် နေခွင့်မရတော့ရင်၊ ဒါမှမဟုတ် မြေယာပိုင်ဆိုင်ခွင့်မရှိတော့ရင် ဒါတွေက ဒေသခံတွေရဲ့ အရင်းအမြစ်တွေကို ခေါင်းပုံဖြတ်မှု ဒါမှမဟုတ် မြေယာသိမ်းမှုတွေဆီ ဦးတည်နေမှာပါ” လို့ သုတေသီက ပြောပါတယ်။

ဒေသခံတွေကတော့ ဘာအခွင့်အရေးမှ မရှိတဲ့အတွက် သူတို့ ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့် နိုင်ငံသားဖြစ်ရေးနဲ့ မြေယာပိုင်ဆိုင်ရေးတွေ အပါအဝင် ဒေသခံတွေအတွက် အခွင့်အရေး ရရှိဖို့က အလွန်အရေးကြီးပါတယ်။

ကရင်လူမျိုးတွေရဲ့ စကားပုံအရဆိုရင် အပြင်ကကြက်ဝင်လာ မြေဆီလွှာကိုယက် အစာရှာပြီး မစင်စွန့်သွားသလို နောက်ဆုံး မစင်ပုံကြီးထားခဲ့ပြီး သူတို့ထွက်သွားကြတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ဒီလိုပါပဲ။ သူတို့ကြာကြာနေလေ မစင်ပုံက ပိုကြီးလာသလိုပေါ့။ အစာလည်းကုန်သွားရော မစင်ပုံထားပြီး သူတို့က ထွက်သွားကြတယ်။ ဒါကြောင့် ကျနော်တို့က ဒေသခံတွေရော အပြင်က စီးပွားရေးသမားတွေပါ အတူတကွ နေထိုင်နိုင်မယ့် ရေရှည်တည်မြဲမယ့် တိုးတက်မှုနည်းလမ်းတွေကို ရှာဖွေရပါမယ်။ ဒါမှ အပြင်က ကြက်တွေက ဒေသခံတွေ ရှင်းဆိုပြီး မစင်ပုံကြီး မထားခဲ့ဘဲ သူတို့စွန့်တဲ့မစင် သူတို့ကိုယ်တိုင်ပဲ ရှင်းလင်းရမယ်ဆိုတဲ့ နည်းလမ်းမျိုး ရှာရမယ်လို့ သုတေသီက အကြံပြုသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013