DVB Logo
Home
မြန်မာသတင်း
ဦးမင်းဌေးကို တတိယအကြိမ် တရားရုံးထုတ်၊ စစ်ဆေးမှုမလုပ်ဘဲ ရုံးပြန်ချိန်း
DVB
·
February 6, 2017
ဦးမင်းဌေးကို တတိယအကြိမ် တရားရုံးထုတ်၊ စစ်ဆေးမှုမလုပ်ဘဲ ရုံးပြန်ချိန်း
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)  ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ဒီကနေ့ မိုးမောက်မြို့နယ် တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ပါတယ်။

ဦးမင်းဌေးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ က ဗိုလ်ကြီးသက်ဆွေလင်းကတရားစွဲထားတာဖြစ်ပြီး ဒီကနေ့ ရုံးထုတ်မှာ စစ်ဆေးမှုတွေမလုပ်ဘဲ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ရုံးပြန်ချိန်းဆိုခဲ့တယ်လို့ ဦးမင်းဌေးရဲ့ဇနီး မနန်းယဉ်က ပြောပါတယ်။

“သူ့အနေနဲ့ကတော့ ကိုယ်ရေးကိုယ်တာကိစ္စထက်ကို နိုင်ငံရေးကိစ္စဖြစ်တယ်။ ဒါက အန်စီအေအပေါ်မှာ အားလုံတာဝန်ခံမှုနဲ့ရှိကြဖို့ သူ့အနေနဲ့ကတော့ အဲဒါပဲ သူမျော်လင့်တယ်ပေါ့နော်။ ဒါက သူ့တဦး တယောက်ထဲရဲ့ကိစ္စ မဟုတ်ဘူးပေါ့။ ”

ဦးမင်းဌေးဟာ အေဘီအက်စ်ဒီအက်ဖ်ဗဟိုကော်မီတီဝင်တဦးဖြစ်ပြီး  ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်းမော် – လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။

အေဘီအက်စ်ဒီအက်ဖ်အဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ  လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး ဦးမင်းဌေးဟာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာပါဝင် တက်ရောက်ဆွေးနွေးနေသူလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013