DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအမျိုးသမီး ၁ ဦး အသတ်ခံရ
DVB
·
February 6, 2017
ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအမျိုးသမီး ၁ ဦး အသတ်ခံရ
Donate to DVB

 

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းမြို့ မဟာချိုင်ရပ်ကွက်ထဲမှာ ယမန်နေ့ညနေပိုင်းက မြန်မာအမျိုးသမီးတဦး အသတ်ခံရတယ်လို့  မတ်တီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီလောက်က မဟာချိုင်ရှိ ရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်ရာ ခွမ်ကျိုင်တိုက်ခန်းတစ်ခုထဲမှာ လူသတ်မှုဖြစ်ပွားကြောင်း  သတင်းပေးပို့ချက်အရ အခင်းဖြစ်ပွားရာ နေရာကို သွားရောက်စစ်ဆေးကြည့်ရှုရာမှာ လက်ပြန်ကြိုးတုတ်ခံရပြီး မှောက်ရက်လဲကျသေဆုံး နေတဲ့ အမျိုးသမီးတဦးကို တွေ့ရတယ်လို့  ဆမွတ်ဆာခွန်းမြို့မရဲစခန်း တာဝန်ကျ ဒုရဲအုပ် နတ်ချား ရီး နုတ်ကစ်သီဆန်က သတင်းထောက်တွေကို ပြောပါတယ်။

အမျိုးသမီးမျက်နှာမှာ ဖူးယောင်နေတဲ့ဒဏ်ရာ၊ နဖူးမှာချွန်ထက်တဲ့အရာနဲ့ အခုတ်ခံရတဲ့ဒဏ်ရာရှိပြီး ပါးစပ်မှာလည်း သွေးတွေထွက်နေကြောင်း၊ သေဆုံးသူနဲ့ မလှမ်းမကမ်းမှာရှိတဲ့  ပုဆိန်တလက်၊ ၀က်အူလှည့် ၃ ချောင်း ဓားတချောင်းကိုလည်း သက်သေအဖြစ်သိမ်းဆည်းထားတယ်လို့ ဒုရဲအုပ်က ပြောပါတယ်။

အခန်းဖော်တွေ ပြောပြချက်အရ သေဆုံးသူမှာ တလတ်ကုန့်ဈေးထဲမှာ ပုစွန်ရွေးတဲ့အလုပ် လုပ်ကိုင် နေသူ မြန်မာရွှေ့ပြောင်းအလုပ်သမား မမော် (အသက် ၃၇ နှစ်) ဆိုသူဖြစ်ကြောင်း၊ ဒီအခန်းမှာ လာငှားနေသူနဲ့  ရင်းနှီးစွာဝင်ထွက်သွားလာနေသူလို့ ဆိုပါတယ်။

တာဝန်ရှိရဲတပ်ဖွဲ့က  အခန်းငှားသူ မြန်မာအလုပ်သမား ကိုယုထွန်း (အသက် ၃၃ နှစ်)ကို ရှာဖွေဖမ်းဆီးမေးမြန်းရာမှာ အစပိုင်း တာဝန်ရှိသူကို ဝေ့လည်ကြောင်ပတ်ဖြေကြားပြီး၊ ဆက်လ က်စစ်ဆေးရာမှာ   မူးယစ်ဆေးဝါးသုံးစွဲထားတာ တွေ့ရသလို လူသတ်မှုကျူးလွန်ကြောင်း ၀န်ခံသွား တယ်လို့ ဆိုပါတယ်။

သူဟာ ဒီအခန်းမှာ လာငှားနေတာ ၂ ရက်သာရှိသေးကြောင်း၊ မမော်နဲ့သူဟာ တလတ်ကုန့်ဈေးထဲမှာ အတူအလုပ်လုပ်တဲ့ အသိတွေဖြစ်ပြီး အခင်းဖြစ်တဲ့နေ့က သူက အခန်းထဲကနေ မမော်ကို ပစ္စည်းတခု ၀ယ်ပြီး လာပို့ပေးဖို့ ဖုန်းဆက်ခဲ့ကြောင်း၊ မမော်က ပစ္စည်းလာပို့တော့ စကားများရန်ဖြစ်ပြီး သူက မမော်ရဲ့မျက်နှာကို ထိုးကြိတ်ကြောင်း မမော်က အော်ဟစ်ခြင်းမပြုနိုင်အောင် ပါးစပ်ကို အ၀တ်စည်းပြီး မမော်သတိမေ့လဲကျသွားချိန် ပုဆိန်နဲ့ထပ်ခုတ်ခဲ့တယ်လို့ ၀န်ခံထွက်ဆိုသွား ပါတယ်။

အခုလို လုပ်ရတဲ့အကြောင်းမှာ မမော်က သူနဲ့သူ့ရည်းစားကို ကွဲသွားအောင် အောက်လမ်းဆေး အသုံးပြုပြီး လုပ်ခဲ့သူဖြစ်လို့ ဆိုပြီးပြောသွားပါတယ်။

ဒါပေမယ့် ရဲတပ်ဖွဲ့ကတော့ သူ့အပြောကို ယုံကြည်ခြင်းမရှိဘဲ သေသူရဲ့ အ၀တ်အစားတွေ ဖရိုဖရဲဖြစ်နေတာကို  ကြည့်ခြင်းအားဖြင့် သူဟာ မူးယစ်ဆေးဝါးသုံးထားပြီး  လိင်စိတ်ကြွစဉ် အမျိုးသမီးရောက်လာတော့ အဆိုပါအမျိုးသမီးကို မုဒိမ်းကျင့်ရန်ကြံရွယ်စဉ် အမျိုးသမီးက ရုန်းကန် ငြင်းဆန်တဲ့အတွက် ခုလိုအကြမ်းဖက်လူသတ်မှုဖြစ်သွားရတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောပါတယ်။

မူလသတင်း - http://www.matichon.co.th/news/453169  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013