DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေနစ်နာကြေး အပြည့်အဝပေးရန် တောင်သူများတောင်းဆို
DVB
·
February 6, 2017
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ကြက်ပေါင်ချောင်းကျေးရွာအုပ်စု အမြန်လမ်း မိုင်တိုင် အမှတ်-၁၁၆ နဲ့ ၁၁၇ အကြားရှိ ကွင်းအမှတ်-၂၆၄ ရေလျှံကရင်ကွင်းရှိ အငြင်းပွား လယ်ယာမြေတွေကို သက်ဆိုင်ရာက လျော်ကြေးပေးဆောင်ခဲ့ပေမယ့်  အပြည့်အဝမရရှိဘူးလို့ မူလတောင်သူတွေကပြောပါတယ်။

မူလတောင်သူဒေါ်လှမိုးက“ကျမတို့က မူလတောင်သူတွေပါ စုစုပေါင်း ၆ ယောက်ပေါ့။ အဲဒီမှာ ရဲမှူးချုပ်က ကျမတို့ မြေဧက ၂၀ အတွက် နစ်နာကြေးသဘောမျိုး သိန်း ၄၀၀ ပေးတယ်လို့ သိရတယ်။ ငွေထုတ်တဲ့အချိန်လည်း ကျမတို့ကို မခေါ်ဘူး။ သူတို့ပဲ သွားထုတ်တယ်။ ပြီးတော့မှ ကျမတို့ကို သိန်း ၂၀ ပေးတယ်။ ပေးတာကိုယူ၊ ကျွေးတာကို စားလို့လည်း ပြောတယ်။ သနားလို့ ပေးတာလို့လည်း ဒေါ်နုက ပြောတယ်။ ပိုတဲ့ငွေတွေကိုတော့ ပေးသင့်ပေးထိုက်သူတွေ ပေးရသေးတယ်လေ။ ဦးမြင့်စိုးကိုလည်း သိန်း ၁၂၀ တန်ကားဝယ်ပေးရမယ်လို့ ပြောပါတယ်။ ကျမတို့ကျတော့ သိန်း ၂၀  ပဲ ရပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး လိုက်ပါကူညီပေးသူ ဒေါ်နုနဲ့ ဒေါ်စန်းမြင့်ကို ဆက်သွယ်မေးမြန်းရာမှာ “သူတို့ကို ကျမတို့က သနားလို့ပေးတာ။ ဒီကိစ္စမှာ ကုန်ကျစရိတ်တွေ ရှိတယ်။ အလကားသွားလို့ မရဘူး။ ပေးသင့်ပေးထိုက်သူတွေကို ပေးရသေးတယ်။ အကုန်ပါးစပ်တွေနဲ့။ ရေတောင် အလကားမရဘူး။ အခုငွေကလည်း ရဲမှူးချုပ်ကြီးက လှူတာ၊ လျော်ကြေးပေးတာ မဟုတ်ဘူး” လို့ ဒေါ်စန်းမြင့်က ပြန်လည်ပြောပါတယ်။

ကြက်ပေါင်းချောင်းအုပ်စု ရေလျှံကရင်ကွင်းရှိ တောင်သူတွေထံက ၂၀၁၄ ခုနှစ်မှာ ရဲမှူးချုပ်တင်စိုး (အငြိမ်းစား) ဆိုသူက သိမ်းယူခဲ့ပြီး လယ်ယာမြေလုပ်ကိုင်မရတော့ကြောင်း ပြီးနောက် လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဒေါ်နုနဲ့ ဒေါ်စန်းမြင့်မှ ဦးဆောင်လုပ်ကိုင်ပေးမယ် ရရှိလာတဲ့ ငွေမှ တစ်ကိုတာ(ဒေသအခေါ်)ကိုတာကြ ခွဲဝေပေးရမယ်လို့ဆိုကာ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

လယ်မြေဧက ၂၀ အတွက် လျော်ကြေးငွေ အဖြစ် သိန်း ၄၀၀ ပေးလျော်ခဲ့ပေမယ့် မူလတောင်သူ ၆ ဦးမှာ တဦးကို သိန်း ၂၀ ခန့် ရရှိခဲ့ပြီး အခြားပိုငွေတွေကို ခွဲဝေပေးတာ မရှိတဲ့အတွက် နစ်နာကြေးငွေအပြည့်အဝ ရရှိလိုတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ မူလတောင်သူ ၆ ဦးက ပြောပါတယ်။

သတင်း - ကျော်အောင်(ကညွှတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013