DVB Logo
Home
မြန်မာသတင်း
စဥ့်ကူးတွင် သဲသောင်တူးလုပ်ငန်းများကြောင့် ဧရာဝတီမြစ်ကမ်းပါးပြိုမည့်အရေး ဒေသခံများ စိုးရိမ်
DVB
·
February 6, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့ အမှတ်-၂ ရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းပါးအနီးမှာ စီးပွားဖြစ် သဲတူးတာတွေကြောင့် ကမ်းပါးပြိုမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

သဲတူးယူသူများဟာ တပိုင်တနိုင် တူးယူတာများထက် စီးပွားဖြစ် လုပ်ကိုင်ရောင်းချဖို့ တူးယူတာတွေ ရှိနေကြတာကြောင့် မြစ်ကမ်းပါး ထိခိုက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

“ကမ်းဘက်က သောင်ထွန်းနေတဲ့ သဲထုတွေကို ဖိုးဝှီးအမျိုးစားကားတွေ ထော်လာဂျီတွေပေါ် သယ်ယူပြီး စီးပွားဖြစ် ရောင်းချနေကြတယ်။ နေ့ရော ညပါ လာတူးကြတာ။ အတိအကျပြောရရင် မနက် ၆ နာရီကနေ ည ၈ နာရီကျော်အချိန်ထိ တနေကုန် တူးနေကြတယ်။ အနီးပတ်ဝန်းကျင်တွေ လည်း အိပ်မရဘူး။ ပိုဆိုးတာက တူးကြတဲ့ပုံစံက သောင်ထုကို အတွင်းက လှိုက်ဖြိုပြီး ရွှေတူးသလို နုန်းတွေပေါ်အောင်ထိ တူးကြတယ်။ ကမ်းဘက်ကို နုန်းတွေပို့လာရင် ကမ်းပါးကပြိုမှာ သေချာတယ်။ အခုလက်ရှိတောင် ကမ်းပါးက အရင်ကထက် မြင့်နေပြီ။ အရင်က ဒီဘက်ကို နိုင်ငံခြားသားတွေ လာရင် သောင်ပြင်နေရာကို အပန်းဖြေစရာ နေရာတခုလို့ သဘောထားပြီးတောင် လာအပန်းဖြေ ကြတယ်။ အခုတော့ သောင်အလှပျက်စီးလာတဲ့အပြင် ကမ်းပါးတောင် ပြိုမယ့်အန္တရာယ်ဖြစ်နေတော့ အရမ်းစိုးရိမ်စရာ ဖြစ်နေပြီ" လို့ ကမ်းပါးဘေးအနီးမှာ နေထိုင်တဲ့ ဒေသခံ မကေသွယ်ဝင်းက ပြောပါတယ်။

အဲဒီသဲသောင်ပြင်ကနေ တူးယူသယ်ဆောင်တဲ့ သဲတွေကို လုပ်ငန်းရှင်တချို့က စီးပွားဖြစ် သိုလှောင်ပြီး အဆောက်အအုံတွေအတွက် မှာယူချိန်မှာနဲ့ သဲဈေးတက်တဲ့အချိန်တွေမှာ တင်ပို့ရောင်းချနေကြတယ်လို့ သိရပါတယ်။

အရင်က အဲဒီနေရာကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ‘သဲမတူးရန်’ ဆိုင်းဘုတ်ထောင်ပြီး တားမြစ်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ မနက်ကတော့ သဲတူးဖို့လာတဲ့ ကားတချို့နဲ့ ထော်လာဂျီတချို့ကို ကမ်းပါးအနီးရှိ ရပ်ကွက်ဒေသခံတွေက တားမြစ်ခဲ့တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အဆိုပါသဲသောင်ကို ၂၀၁၃ ခုနှစ်ကတည်းက မြစ်ရေကျချိန်မှာ သဲတူးယူမှုတွေရှိခဲ့ပြီး ထိုစဉ်က အပေါ်ယံ တပိုင်တနိုင်တူးယူမှုသာ ရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ စီးပွားဖြစ်တူးယူမှု များပြားလာကာ မြစ်ကမ်းပါးပြိုမယ့် အန္တရာယ်ကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013