
ရှေ့နေ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်ခဲ့မှုနဲ့ ဒုတိယလူအဖြစ် ဖမ်းဆီးရမိတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ရန်ကုန်၊ သာကေတမြို့နယ်၊ ၁ ရပ်ကွက်၊ ထူပါရုံအရှေ့ ၁၆ လမ်း၊ အိမ်အမှတ် ၁၂၅၉ မှာ ရှိတဲ့ လုံးချင်းနှစ်ထပ်တိုက်ကို ဒီဗွီဘီသတင်းထောက် ဦးအေးနိုင်က သွားရောက်ပြီး စုံစမ်းသိရှိရတဲ့ အချက်အလက်တွေကို တိုက်ရိုက်သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အန်အယ်လ်ဒီ ဗဟိုဥပဒေအကြံပေး ဦးကိုနီအား သေနတ်သမားကြည်လင်းက လုပ်ကြံသတ်ဖြတ်ခဲ့ပြီး လိုက်လံဖမ်းဆီးခဲ့တဲ့ ကိုနေ၀င်းလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြည်လင်အား စစ်ဆေးမေးမြန်းချက်အရနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေအရ ပြစ်မှုကျူးလွန်ရာမှာ ပူးပေါင်းပါဝင်တဲ့ တရားခံ အောင်ဝင်းဇော် (၄၆) နှစ်ကို ဇန်န၀ါရီ ၃၀ ရက်က သံလွင်တံတားပေါ်မှာ ဖမ်းမိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။











