DVB Logo
Home
မြန်မာသတင်း
မောင်တော အကြမ်းဖက်မှုဖြစ်စဉ်တွင် အရပ်သား ၁၃ ဦးသေ၊ ၅ ဦး ပျောက်ဆုံး
DVB
·
February 5, 2017
မောင်တော အကြမ်းဖက်မှုဖြစ်စဉ်တွင် အရပ်သား ၁၃ ဦးသေ၊ ၅ ဦး ပျောက်ဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်သူများက  အရပ်သား ၁၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ၂ ဦး ဒဏ်ရာရ၊ ၅ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပါတယ်။

မောင်တောမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ခုနှစ် ဇန်န၀ါရီလကုန်အထိ ရရှိတဲ့ သေဆုံးပျောက်ဆုံးစာရင်းတွေ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်ကလည်း မောင်တော၊ ဂွဆုံကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အီဒရစ် ၄၀ နှစ် ဆိုသူ အသတ်ခံခဲ့ရတယ်လို့ အတိုင်ပင်ခံရုံးကပဲ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က မောင်တောနယ်စပ်လုံခြုံရေးစခန်းတွေကို လက်နက်ကိုင်အဖွဲ့တွေ ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးရဲ ၉ ဦးနဲ့ စစ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013