DVB Logo
Home
မြန်မာသတင်း
ကောလင်းတွင် တရားမ၀င်သစ်ကားတစီး တိမ်းမှောက်၊ ၁ ဦးသေ
DVB
·
February 5, 2017
ကောလင်းတွင် တရားမ၀င်သစ်ကားတစီး တိမ်းမှောက်၊ ၁ ဦးသေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ညောင်ကုန်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ည ၉ နာရီအချိန်လောက်က တရားမဝင်ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ဟီးနိုးဘတ်စ်ကား တိမ်းမှောက်ခဲ့လို့ ၁ ဦး သေဆုံးခဲ့ကြောင်း ကောလင်းမြို့မရဲစခန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၉ နာရီအချိန်လောက်က ကောလင်းမြို့နယ် ကုက္ကိုကုန်းအုပ်စု၊ ညောင်ကုန်းကျေးရွာတောင်ဘက်မှာ ယာဉ်တစီး တိမ်းမှောက်နေကြောင်း သတင်းအရ ရဲအုပ်စိုးသိန်းအောင်က သက်သေများတွေနဲ့အတူသွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်းခွဲသား ၂၇ ချောင်း (၀ ဒသမ ၁၆၅၈) တန်၊ အင်ကြင်းခွဲသား အချောင်း ၅၀ (၀ ဒသမ ၇၄၁၆) တန်အား မီးသွေးအိတ်တွေ ဖုံးပြီး တင်ဆောင်လာတဲ့ ရွှေဘို-ကျောက်တန်း ပြေးဆွဲနေတဲ့ HINO အမျိုးအစား မှန်လုံ ၆ ဘီးယာဉ်ဟာ  ရွှေဘို-မြစ်ကြီးနားကား လမ်းမိုင်တိုင်အမှတ်၈၄/၃ နှင့်၎ ကြား ညောင်ကုန်းကျေးရွာ တောင်ဘက် ၂ မိုင်လောက်အကွာ ကုန်းအတက်မှာ မတက်နိုင်ဘဲ နောက်ပြန်လိမ့်ကျပြီး လမ်းဘေးချောက်အတွင်း တိမ်းမှောက်နေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိမ်းမှောက် မှန်လုံယာဉ်အနီးမှာ ယာဉ်နောက်လိုက် အသက် ၄၀ လောက်အရွယ် ဦးကျော်မြင့်ထူးဟာ ဦးခေါင်း၊ ခန္ဓာကိုယ်နဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရပြီး ယာဉ်မောင်းဖြစ်သူ မင်းညိုကတော့ ထွက်ပြေးသွားတယ်လို့ ရဲစခန်းက ပြောပါတယ်။

မင်းညိုနဲ့ သေဆုံးသွားတဲ့ ဦးကျော်မြင့်ထူးတို့ကို ယာဉ်မဆင်မခြင်မောင်းနှင်မှု ဥပဒေပုဒ်မ ၃၀၄ (က) အရနဲ့၊ တရားမ၀င်ကျွန်းသစ်သယ်ဆောင်မှု သစ်တောဥပဒေအရ ကောလင်းမြို့မရဲစခန်း

က အမှုဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း ကောလင်းမြို့နယ်သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013