DVB Logo
Home
မြန်မာသတင်း
ကော့မှူးတွင် အန်အယ်လ်ဒီ မဲဆွယ်ပွဲစတင်
DVB
·
February 5, 2017
ကော့မှူးတွင် အန်အယ်လ်ဒီ မဲဆွယ်ပွဲစတင်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ် ကော့မှူးမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ စတင် လုပ်ဆောင်နေပြီလို့ မြို့နယ်အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးအေးသိန်းက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေ စတင်မဲဆွယ်ခွင့်ရတဲ့ ဇန်န၀ါရီ ၃၁ ရက်ကစလို့ မြို့နယ်အတွင်းရှိ ကျေးရွာတွေအရောက် မဲဆွယ်စည်းရုံးနေတာ ၅ ရက် ရှိသွားပြီလို့လည်း ပြောပါတယ်။

“အဖွဲ့ ၃ ဖွဲ့ ခွဲထားတယ်။ အရှေ့ခြမ်း၊ အလယ်ခြမ်း၊ အနောက်ခြမ်း ဆိုပြီး၊ တရက်ကို ၆ ရွာနှုန်းပေါ့။ တဖွဲ့ကို နှစ်ရွာ နှစ်ရွာနှုန်းနဲ့ ကျနော်တို့ နေ့စဉ်ပေါ့။ ပထမဆုံးအကြိမ် လှည့်လည်ဟောပြော မဲဆွယ်တယ်၊ ၁၅ ရက် ဒီဘက်ပိုင်းလောက်အထိ ပထမ ၆၂ ရွာ၊ အုပ်စုကြီးရွာတွေ ပြတ်မယ်။ နောက်တခါ ရွာငယ် ရွာခွဲတွေကို ဖြတ်မယ်၊ ၃ ကြိမ် သွားဖို့ စီစဉ် ထားပါတယ်။”

မဲဆွယ်စည်းရုံးတဲ့အခါ ဒေသဖွံ့ဖြိုးရေးတွေ ချပြပြီး လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကိုလည်း ပြောပြတယ်လို့ ဆိုပါတယ်။

ကော့မှူးမြို့နယ်မှာ တသီးပုဂ္ဂလ ၂ ဦး အပါအ၀င် ကိုယ်စားလှယ်ပေါင်း ၉ ဦးထိ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ လစ်လပ်မဲဆန္ဒနယ် ၅ ခု၊ မြို့နယ် ၁၁ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့ရှိပြီး ကော့မှူးတမြို့နယ်ပဲ စည်းရုံးရေးလုပ်ငန်း စတင်နိုင်သေးတာ ဖြစ်ပါတယ်။

တိုင်းအန်အယ်လ်ဒီဥက္ကဋ္ဌ ဦးမြင့်ဌေးကတော့ မဲဆွယ်စည်းရုံးရေးကို ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင်ပဲ လုပ်ဆောင်ရမှာဖြစ်ပြီး လိုအပ်ရင် နာယက ဦးတင်ဦး မဲဆွယ်ပေးမယ်လို့ ပြောပါတယ်။

“လိုအပ်ရင်တော့ ဦးတင်ဦး နည်းနည်းလိုက်ပြီး သွားပေးပါ့မယ်။ ကျန်တာကတော့ ကိုယ်စားလှယ်တွေကိုယ်တိုင်ပဲ အမှုဆောင်တွေနဲ့ ပူးပေါင်းပြီးတော့ ဆင်းကြရမှာပါ။ အောင်နိုင်ရေးအဖွဲ့ရယ်လို့တော့ ကြားဖြတ်မှာ သီးခြား မဖွဲ့ဘူးဗျ၊ အမှုဆောင်အဆင့်ဆင့်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြမှာပါ။”

ဧပြီ ၁ ရက်မှာလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တနိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၁၉ ခု ရှိပြီး ကိုယ်စားလှယ်ပေါင်း ၉၀ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြမှာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013