DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်နှင့်ဝန်းသိုတွင် တရားမဝင်ကျွန်းသစ်နှင့် သစ်စက်များ ဖမ်းဆီးရမိ
DVB
·
February 5, 2017
ဗန်းမောက်နှင့်ဝန်းသိုတွင် တရားမဝင်ကျွန်းသစ်နှင့် သစ်စက်များ ဖမ်းဆီးရမိ
1 / 6
Donate to DVB

စစ်ကိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်နဲ့ ဝန်းသိုမြို့နယ်တို့မှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ  ပထမပတ်အတွင်း တရားမဝင်သစ်စက်နဲ့အတူ တရားမဝင်ကျွန်းသစ်တွေ ဖမ်းဆီးရမိတယ်လို့ ကသာခရိုင်သစ်တောဦးစီးဌာနက ပြောပါတယ်။

ကသာခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်တဲ့ သစ်တောဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းအဖွဲ့ဟာ ဖေဖေါ်ဝါရီ ၂ ရက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန် ဗန်းမောက်မြို့နယ် ပမုံရွာ အနောက်တောင်ဘက်မှာ သစ်စက် ၁ လုံး၊ ချိန်းဆော ၂ လက်၊ ကင်ဘို ၁၂၅ ဆိုင်ကယ် ၁ စီးတို့နဲ့ ကျွန်းသစ် ၃၃ လုံး ၇ ဒသမ ၈၁ တန်၊ ကျွန်းခွဲသား ၆၀ ချောင်း ၀ ဒသမ ၅၇၇ တန်၊ သစ်စက်ပိုင်ရှင်တွေဖြစ်တဲ့ ဗန်းမောက်မြို့နေသူ သိန်းဇော်၊ခင်ဇော်၊ တင်ဝမ်းနဲ့ ညိုဝင်းတို့ ၄ ဦးအားဖမ်းဆီးရမိပြီး ဗန်းမောက်မြို့မရဲစခန်းမှာ ပ(၁၄)ပြည်သူပိုင် ၆(၁)အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အလားတူ အဆိုပါအဖွဲ့က ဖေဖော်ဝါရီ ၃ ရက်နေ့က ဝန်းသိုမြို့နယ် ဖီလေးကြိုးဝိုင်းအတွင်း ကျွန်းသစ် နဲ့ ကျွန်းခွဲသား  ၁ ဒသမ ၂၄၉၆ တန်၊ အင်သစ် ၃ လုံး ၀ ဒသမ ၆၃၆ တန် နဲ့ သစ်စက် ၁ လုံးတို့နဲ့အတူ သစ်စက်ပိုင်ရှင် ကောလင်းမြို့နေ ဘိုဘိုထွန်း ကိုပါဖမ်းဆီးရမိပါတယ်။

အဆိုပါကြိုးဝိုင်းအတွင်း ဆက်လက်ရှာဖွေရာ ကျွန်းသစ် ၁၄ လုံး၃ ဒသမ ၁၅၈ တန်၊ ကျွန်းခွဲသား ၁၈၄ ချောင်း ၀ ဒသမ ၈၃၅ တန်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိပြီး ဝန်းသိုမြို့မရဲစခန်းက ပြည်သူပိုင် ၆(၁) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။

အဆိုပါအဖွဲ့ဟာ ကောလင်း၊ ပင်လည်ဘူး၊ အင်းတော်၊ ထီးချိုင့်မြို့နယ်တွေမှာလည်း နယ်မြေရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013