DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့စည်ပင်အမှိုက်ပုံ ရက်ကြာရှည် မီးလောင်နေမှုကြောင့် ပြည်သူများ စိုးရိမ်
DVB
·
February 5, 2017
ဖြူးမြို့စည်ပင်အမှိုက်ပုံ ရက်ကြာရှည် မီးလောင်နေမှုကြောင့် ပြည်သူများ စိုးရိမ်
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့စည်ပင်သာယာရဲ့ စွန့်ပစ်အမှိုက်ပုံဟာ ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်မီးလောင်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ညဘက်အထိ မီးမငြိမ်းသေးလို့ မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

"မီးလောင်တာက နှစ်ရက်လောက်ရှိနေပြီ။ ဒါပေမယ့် မီးကအခုအထိ မငြိမ်းသေးဘူး၊ မီးခိုးတွေက အရမ်းထွက်နေတယ်၊ အညှော်နံ့တွေပေါ့၊ ရက်ကြာလာလေ ကျနော်တို့ ကျန်းမာရေးထိခိုက်လေပဲ၊ ပြီးတော့ အမှိုက်ကများတယ်၊ ဘေးမှာစိုက်ခင်းတွေရှိတယ်၊ မီးကူးရင်တော့သွားပြီပေါ့" လို့ မြို့ခံတဦးက ပြောပါတယ်။

ဖြူးမြို့နယ် စည်ပင်သာယာရေးဌာနကို ဆက်သွယ်မေးမြန်းရာမှာ " မီးလောင်တာကဟုတ်ပါတယ် ၂ ရက်ရှိပြီ။ မီသတ်ကလည်း လာငြိမ်းပေးပါတယ်၊ ကျနော်တ်ာတို့လည်း ငြိမ်းနေပါတယ်။ မီးကိုတော့ ထိန်းနိုင်ပါ့ပြီ။ မီးဘေးကို မကူးအောင်လည်း လုပ်ပြီးပါပြီ ငြိမ်းတော့မှာပါ။ အမှိုက်ကတော့ များတယ်၊ နေရာအခက်အခဲကြောင့်ပါ၊ နောင်နှစ်အတွက်တော့ ပြင်ဆင်ထားပါပြီ၊ နေရာလည်း ရှာထားပါပြီ" လို့ ဦးဆောင်အရာရှိ ဦးအောင်ခိုင်က ပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ တနေ့လျှင် အမှိုက် ၂ တန်လောက် ထွက်ရှိကာ အမှိုက်သိမ်းယာဉ်သုံးစီးနဲ့ သိမ်းဆည်းနေပြီး ဝန်ထမ်းအင်အား မလုံလောက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

သတင်း ကျော်အောင် (ကညွတ်ကွင်း)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013